Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာမေလအတွင်း စစ်တပ်ကလူငယ်​တွေကိုအိမ်ပေါ်တက်ဆွဲတာ များလာတယ်လို့ RSN ပြော

မေလအတွင်းမှာ စစ်တပ်က စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်သူတွေကို အိမ်ပေါ်အထိတက်ဆွဲတဲ့ ဖြစ်စဉ်တွေ များလာတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်‌ပြပေးနေတဲ့ Rangoon Scout Network-RSN အဖွဲ့ သတင်းတာဝန်ခံကပြောပါတယ်။

(အာဏာသိမ်းစစ်တပ်မှ အရာရှိ​တွေနဲ့ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ စု​​ဆောင်းထားတဲ့စစ်သားသစ်​တွေ။ ဓါတ်ပုံ-စစ်​ကောင်စီ)

မေ-၁၇၊၂၀၂၆။သတိုး/People’s Spring

မေလအတွင်းမှာ စစ်တပ်က စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ပြည်သူတွေကို အိမ်ပေါ်အထိတက်ဆွဲတဲ့ ဖြစ်စဉ်တွေ များလာတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်‌ပြပေးနေတဲ့ Rangoon Scout Network-RSN အဖွဲ့ သတင်းတာဝန်ခံကပြောပါတယ်။

“အခုရက်ထဲလူဆွဲတာတွေတော်တော်များလာပါတယ်။အိမ်ထဲထိစာရင်းနဲ့ဝင်ဆွဲတာတွေ၊ဧည့်စာရင်းကျော်နေလို့ဆိုပြီးဖမ်းတာတွေများလာပါတယ်”လို့ပြောပါတယ်။

မေ ၁၇ညမှာသာကေတမြို့နယ်၊ ၇အနောက်ရပ်ကွက်မှာ ဧည့်စာရင်းဝင်စစ်ပြီး ဧည့်စာရင်းရက်ကျော်တဲ့ အကြောင်းပြချက်နဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ RSN က အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အလားတူမြောက်ဥက္ကလာ၊ ည ရပ်ကွက်၊ဘုမ္မာ ၂၀ လမ်းထဲမှာလည်း ယမန်​နေ့(မေလ ၁၇ )ည၁၀ နာရီခွဲခန့်မှာ စစ်​ကောင်စီလက်​အောက်ခံလက်နက်ကိုင်​တွေနဲ့ အုပ်ချုပ်​ရေးအဖွဲ့​တွေက ဧည့်စစ်ဝင်စစ်တယ်ဆိုပြီး အမျိုးသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ RSN က​ဖော်ပြပါတယ်။ ဒါ​ကြောင့် ​မေ ၁၇ ည တစ်ရက်တည်းမှာ ရန်ကုန်မှာ အနည်းဆုံး ငါးဦးဖမ်းဆီးခံရတာဖြစ်ပါတယ်။

သာ​ကေတမှာဖမ်းဆီးခံရသူ​တွေဟာ ပန်းရံ လုပ်တဲ့သူတွေဖြစ်ပြီး ရပ်ကွက်ရုံးမှာ ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

ဒါအပြင် ​မေ ၁၇ ညမှာပဲ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် အလယ်ဗဟိုလမ်းမှာလည်း ဧည့်စာရင်းဝင်စစ်ပြီး သန်းခေါင်း‌စာရင်းတွေနဲ့ တိုက်စစ်ကာ လူများတဲ့ အခန်းတွေကို ဓာတ်ပုံရိုက်သွားတယ်လို့ RSN က အသိပေးထားပါတယ်။

​မေလထဲမှာဒဂုံမြို့သစ်မြောက်ပိုင်း ၊ဒဂုံမြို့သစ်တောင်ပိုင်း နဲ့ သာကေတမြို့နယ်တွေမှာ အထက်ပါအကြောင်းအရင်းတွေနဲ့ ဖမ်းဆီးခံရသူတွေ များတယ်လို့ RSN ရဲ့ သတင်းတာဝန်ခံကပြောပါတယ်။

ပြီးခဲ့တဲ့ရက်က လှိုင်မြို့နယ် မှာလည်း စစ်မှူထမ်းစာရင်းပါလို့ တိုက်ခန်းတွေ ပေါ်အထိတတ်ပြီး လူရှာဖွေတာတွေရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“စစ်မှုထမ်းစာရင်းနဲ့လာဆွဲတာလို့ ကြားတယ်။ ပါသွားတယ်၊မပါသွားဘူးကတော့ သေချာမသိရဘူး” လို့ ပြောပါတယ်။

ပြည်သူတွေကို RSN တာဝန်ရှိသူက “ရပ်ကွက်ထဲ နားစွင့်ထားကြဖို့ နဲ့ တခုခုကြားတာနဲ့ ယာယီရှောင်နေလို့ရအောင် အဆင်သင့်ပြင်ထားကြဖို့ ပြောချင်ပါတယ်ဗျ။” လို့ အကြံပြုပါတယ်။

စစ်တပ်က နိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့​ဒေသ​တွေကိုစစ်​ကြောင်း​တွေအများကြီးပို့ပြီး တန်ပြန်ထိုးစစ်ဆင်​နေတာမှာ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​တွေကို ​ရှေ့က​နေအ​သေခံ တက်ခိုင်းပြီးတိုက်​နေတာ​ကြောင့် ပြည်သူ​တွေ စစ်သားသစ်စု​ဆောင်းမခံရ​အောင် ၊​ပေါ်တာဆွဲမခံရ​အောင် သတိထားပြီး ပါးပါးနပ်နပ်​နေထိုင်ကြဖို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေကလည်းအကြံပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။