Connect with us

Hi, what are you looking for?

သတင်း

စစ်တပ် အင်အားအများအပြားရောက်နေတဲ့ ဆောမှာ ကာလရှည်တိုက်ပွဲဖြစ်နိုင်တယ်လို့ PDF သတိပေး

စစ်တပ် အင်အားအများအပြားရောက်နေတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်မှာ ကာလရှည်တိုက်ပွဲဖြစ်နိုင်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆)က ဒီကနေ့ မေလ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

မေ-၁၉၊၂၀၂၆။ဖိုးသား/People’s Spring

စစ်တပ် အင်အားအများအပြားရောက်နေတဲ့ မကွေးတိုင်း၊ ဆောမြို့နယ်မှာ ကာလရှည်တိုက်ပွဲဖြစ်နိုင်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆)က ဒီကနေ့ မေလ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅)ကနေ စစ်ကား ၈စီးဟာ လောင်းရှည်မြို့ကတပ်စခန်းကို မေလ ၁၇ ရက်မှာ အင်အားထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆောဒေသအတွင်း စစ်ရေးတင်းမာမှုတွေနဲ့ စစ်ကြောင်းထိုးလာနိုင်တာကြောင့် လောင်းရှည်ဒေသခံတွေအနေနဲ့ စစ်တပ်နဲ့ နီးကပ်တဲ့နေရာမှာ မနေကြဖို့လည်း တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

မသွားလာဖို့ တားမြစ်ထားတဲ့ ဆော-လောင်းရှည်လမ်းပိုင်းနဲ့ တောတောင်ဒေသတွေကို အသုံးမပြုကြဖို့လည်း ဂန့်ဂေါခရိုင်တပ်ရင်း (၆)က သတိပေးပါတယ်။

ဒါ့အပြင် လေကြောင်းအန္တရာယ်အတွက်လည်း အထူးဂရုစိုက်နေထိုင်ကြဖို့ နဲ့ ဗုံးခိုကျင်းတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ဒေသခံတွေကို မေတ္တာရပ်ခံထားပါတယ်။

“ရန်သူက လူအင်အားထောင်ချီ အသုံးပြုကာ နေရာစုံကထိုးစစ်ဆင်နေတာ ဖြစ်တယ်။ ယောနယ် ဆောနယ်အတွင်းမှာ တိုက်ပွဲက ချက်ခြင်းပြီးသွားဖို့ မဟုတ်ဘဲ မိုးတွင်းပိုင်းအထိ လနဲ့ချီပြီး ပြင်းထန်နေဖို့ ရှိပါတယ်”လို့ ဂန့်ဂေါခရိုင်စစ်ရေးတာဝန်ရှိသူက ပြောထားပါတယ်။

ဆောမြို့နယ်အတွင်းမှာရှိတဲ့ လောင်းရှည်နဲ့ ကျောက်ထုမြို့တွေကို အခု မေလဆန်းပိုင်းကစပြီး ပြင်ဦးလွင်၊မိတ္ထီလာနဲ့ ပခုက္ကူမြို့ နယ်က စစ်တပ်ယာဥ်တန်းတွေဟာ ဆိပ်ဖြူနဲ့ ပေါက်မြို့နယ်အတွင်း ရောက်လာခဲ့ပါတယ်။

ကပစ(၂၄)က စစ်တပ်စစ်ကြောင်းက မေလ ၁၁ ရက်မှာ ပေါက်-ကျောက်ထု(ဆောမြို့နယ်)လမ်းပိုင်းကို စတင်ထိုးစစ်ဆင်လာခဲ့သလို တပြိုင်တည်းမှာပဲ လောင်းရှည်မြို့မှာ ရှိတဲ့ ကပစ(၂၅)က စစ်ကြောင်းလည်း ဆောမြို့ဘက်ကို စစ်ကြောင်းထိုးခဲ့ပါတယ်။

လောင်းရှည်မြို့က တက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ မေလ ၁၄ ရက်မှာ ဆောမြို့အတွင်းဝင်ရောက်ခဲ့ပြီး မြို့တွင်းမှာ အရပ်သားတချို့ကို ဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။

အဲဒီစစ်တပ်စစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်းက ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို ဦးတည်ထွက်ခွာနေတယ်လို့လည်း သိရပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားရတဲ့ ဆောမြို့နယ်တွင်းလမ်းပိုင်းတွေကို အပြည့်အဝထိန်းချုပ်ဖို့ နဲ့ ချင်းပြည်နယ်တောင်ပိုင်းကိုပါ စစ်ရေးအရ ဖိအားပေးမယ့် အခြေအနေဖြစ်လာနိုင်တယ်လို့ စစ်တပ်က စစ်ကြောင်းထိုးလာတာနဲ့ပတ်သက်ပြီး စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

ချင်းပြည်နယ်တောင်ဘက်ခြမ်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်း ချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။