Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာကြည့်ရမယ့် တော်လှန်သဘင်ပညာရှင်တွေရဲ့ နှစ်ပါးသဘင် ပြည်တော်ဝင်

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အွန်လိုင်းကနေပြသမယ့် တော်လှန် သဘင်ပညာရှင်တွေရဲ့ နှစ်ပါးသဘင် ပြည်တော်ဝင်လက်မှတ်တွေကို ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။

မေ-၁၉၊၂၀၂၆။ဆဏ်း/ People’s Spring

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အွန်လိုင်းကနေပြသမယ့် တော်လှန် သဘင်ပညာရှင်တွေရဲ့ နှစ်ပါးသဘင် ပြည်တော်ဝင်လက်မှတ်တွေကို ဝယ်ယူနိုင်ပြီလို့ အသိပေးထားပါတယ်။

အဲဒီပွဲက လက်မှတ်ရောင်းရငွေအားလုံးကို ရန်ကုန်တိုင်း စစ်ဒေသ-၂ ၊ တပ်ရင်း(၅၁၀၃)အတွက် စစ်ရေးဖော်ဆောင်ရာမှာ အသုံးပြုဖို့ ထောက်ပံ့သွားမယ်လို့ အသိပေးထားပါတယ်။

ဒီပွဲကို မြေပြင်‌ဖျော်ဖြေပွဲအနေနဲ့ ဇွန်လ ၆ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့်‌ မွေးနေ့ကျရောက်တဲ့ ဇွန်လ ၁၉ ရက်မှာ အွန်လိုင်းကနေ ပြသသွားမှာပါ။

Public Service Announcement

Public Service Announcement

လက်မှတ်ဈေးနှုန်းအနေနဲ့ ကျပ် ငါးသောင်း သတ်မှတ်ထားပြီး သက်ဆိုင်ရာနိုင်ငံအလိုက် ငွေကြေးတွေနဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

လက်မှတ်ဝယ်ယူလိုသူတွေအနေနဲ့ နှစ်ပါးသဘင် ပြည်တော်ဝင် ပေ့ခ်ျကနေ ဝယ်ယူနိုင်မှာဖြစ်ပြီး ဒီပွဲမှာ ပါဝင်တဲ့ တော်လှန်အနုပညာရှင်တွေကလည်း ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကနေ Live လွှင့်ရောင်းချပေးနေပါတယ်။

ဒီပွဲမှာ CDM တော်လှန်အနုပညာရှင်တွေ ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပြီး မြန်မာ့ဇာတ်သဘင်ရဲ့ အနှစ်သာရ ရရှိအောင် ဖျော်ဖြေသွားမယ်လို့ ကြေညာထားပါတယ်။

တော်လှန်သဘင်အနုပညာရှင်တွေက ဧပြီလကလည်းမြန်မာဇာတ်ပွဲကြည့်ရအောင် ဖျော်ဖြေပွဲကိုအောင်ဆန်းမျိုးဆက် ရဲဘော်များကို ပံ့ပိုးပေးဖို့ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။