Connect with us

Hi, what are you looking for?

သတင်း

ရွှေကူ ၅လမ်းဆုံနေရာ KIA ပူးပေါင်းတပ် ပြန်လက်လွှတ်ရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ၅လမ်းဆုံတပ်စခန်းကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဆုတ်ခွာပေးရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N/FB)

မေ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ၅လမ်းဆုံတပ်စခန်းကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က ဆုတ်ခွာပေးရကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီ ၅လမ်းဆုံ တပ်စခန်းကို အရင်က စစ်တပ် တပ်စွဲထားတာဖြစ်ပြီး အခု ၂၀၂၆ ဧပြီ ၂၃ရက်မှာ KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ရာ တစ်လခန့်အကြာ မေလ ၁၈ရက်မှာ ပြန်လက်လွှတ်လိုက်ရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

၅လမ်းဆုံတပ်စခန်း ပြန်လည်စွန့်လွတ်လိုက်ရမှု အပါအဝင် ကချင်ဒေသ စစ်ရေးအခြေအနေတွေ မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

Public Service Announcement

Public Service Announcement

၅လမ်းဆုံတပ်စခန်းကို KIA ပူးပေါင်းတပ် ထိုးစစ်ဆင်ချိန်က ၃ရက်ကြာမြင့်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းရခဲ့ပါတယ်။

အဲဒီဒေသဟာ KIA တပ်မဟာ(၁၁)ရဲ့ နယ်မြေဖြစ်ပြီး စစ်တပ်က ခလရ(၅၆)တပ်ရင်း ၊ ခမရ(၆၀၂)တပ်ရင်း၊ တပ်မ (၈၈) လက်အောက်ခံ ခလရ(၃၇၈)တပ်ရင်းနဲ့ (၄၁၆)တပ်ရင်းတွေ ပူးပေါင်းလှုပ်ရှားနေတာဖြစ်ပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့တိုက်ပွဲကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး ရွှေကူမြို့နယ်မှာ အင်အားထောင်ချီစုဖွဲ့ ပြင်ဆင်နေတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောထားပါတယ်။

ဒါကြောင့် ဒေသတွင်း စစ်ရေးအခြေအနေတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။