Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ကန်ပက်လက်မြို့ကို စစ်တပ် ဗုံးကြဲနေ

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က မြေပြင်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ ဒီကနေ့ မေလ ၂၁ရက် ညနေပိုင်းမှာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မေ ၂၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို အာဏာသိမ်းစစ်တပ်က မြေပြင်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာ ဒီကနေ့ မေလ ၂၁ရက် ညနေပိုင်းမှာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်းကနေ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မေလ ၂၁ရက် မနက်ပိုင်းမှာ ကန်ပက်လက်မြို့ကို တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီဟာ ညနေပိုင်းမှာ ၂ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့တာ လို့ ဒေသခံက အသိပေးပါတယ်။

ကန်ပက်လက်မြို့အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကန်ပက်လက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ဒီကနေ့ နေ့လည်မှာ တိုက်ပွဲဖြစ်ပွားနေမှုကို အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်တွေ မကွေးတိုင်း၊ ဆောမြို့နယ်ကနေ ကန်ပက်လက်မြို့ကို ဦးတည်စစ်ကြောင်းထိုးတဲ့နေ့ကစပြီး နေ့စဉ် တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။

လတ်တလောမှာ စစ်တပ်ဟာ ဒေသအခေါ် ၆မိုင် ဆိုတဲ့နေရာမှာ ရောက်ရှိတပ်စွဲထားပါတယ်။

တဖက်မှာလည်း စစ်တပ်ဟာ ချင်း-မကွေးအစပ်ဖြစ်တဲ့ ဆောမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်တွေကို လေကြောင်း တိုက်ခိုက်တာတွေ မကြာခဏ လုပ်နေပါတယ်။

ကန်ပက်လက်မြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ သိမ်းပိုက်ခဲ့တာပါ။

မင်းတပ်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၂၀ရက်မှာ ချင်းညီနောင်မဟာမိတ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် နယ်မြေချင်းဆက်စပ်နေတဲ့ ကန်ပက်လက်က စစ်သားနဲ့ ရဲတွေဟာ မြို့ကို စွန့်ခွာသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်တပ်က အင်အားတွေ ပြန်လည်စုဖွဲ့ ဖြည့်တင်းပြီး ချင်းတောင်ပိုင်းကို ဦးတည်တဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။

ချင်းတောင်ပိုင်းကို လက်ရှိမှာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ CPU/CPA အနေနဲ့ တိုက်ပွဲသတင်းတွေ ထုတ်ပြန်သွားဖို့ရှိပြီး လတ်တလော စစ်ရေး အခြေအနေတွေကိုတော့ မီဒီယာတွေမှာ ဖြေကြားမှာ မဟုတ်ဘူးလို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook