Connect with us

Hi, what are you looking for?

သတင်း

အင်းတော်နဲ့ မော်လူးကို တော်လှန်ရေးတပ်တွေ ပြန်တိုက်၊ တပ်စခန်းအချို့ရ

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

(KIA၊ ABSDF၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ အင်းတော်မြို့ ရဲစခန်းအား ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

မေ ၂၂၊ ၂၀၂၆။ထားမြတ်/People’s Spring

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မန္တလေး-မြစ်ကြီးနားလမ်း မော်လူးမြို့နဲ့ နမ့်စီးအောင်ကြားရှိ စီပိန်းကျေးရွာမှာ မေလ ၂၁ရက်က တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်တပ်စခန်းကို သိမ်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

“ လက်နက်တွေ အများကြီးရတယ်။ စခတပ် ထိခိုက်ကျဆုံးများတယ်။” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း မော်လူးဒေသမှာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပြောပါတယ်။ စခန်းသိမ်းပိုက်နိုင်မှု အခြေအနေကို ဆက်လက် မေးမြန်းထားဆဲဖြစ်ပါတယ်။

“နဘား-ကသာကြားမှာလည်း တိုက်ပွဲတွေရှိပါတယ်။ ထီးချိုင့်နဲ့ ကသာကြားမှာလည်း တိုက်ပွဲတွေရှိတယ်။ မော်လူး-မော်ဟန်ဘက်မှာလည်း မနေ့က တနေကုန်လောက် တိုက်ပွဲတွေရှိပါတယ်။ ဒီနေ့ကတော့ တိုက်ပွဲတော့ မရှိဘူး။ မနေ့ကတော့ လေကြောင်းနဲ့ ဗုံးကြဲတာတောင်ရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက စစ်ရေး အခြေအနေတွေကို ပြောပြပါတယ်။

KIA ပူးပေါင်းတပ် သိမ်းပိုက်ခဲ့တဲ့ စီပိန်းကျေးရွာဟာ မကြာသေးမီက စစ်တပ် အင်းတော်ဒေသ ဝင်ရောက်လာစဉ် တပ်စွဲနေရာယူထားတာဖြစ်ပြီး အခု KIA ပူးပေါင်းတပ်က ပြန်သိမ်းတာလို့ ပြောပါတယ်။

” သူတို့ သိမ်းလိုက်တာကို ငါတို့ ပြန်သိမ်းတာ။ မော်လူးနဲ့ အင်းတော်ကို ငါတို့ ပြန်၀ိုင်းထားပြီး တိုက်နေတယ်။ ထိုးစစ်။ နေ့တိုင်းပြင်းထန်နေတယ်” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဧပြီလကုန်ပိုင်းမှာ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် မေလဆန်းမှာ မော်လူးမြို့ကို ဆက်လက်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့တာပါ။

KIA ပူးပေါင်းတပ်ရဲ့ တန်ပြန်ထိုးစစ်ဟာ အင်းတော်နဲ့ မော်လူးကို ပြန်ရဖို့ ရည်မှန်းထားတာဖြစ်တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်လာချိန် စစ်ရေးဗျူဟာအရ ပြန်ဆုတ်ခွာပြီး တန်ပြန်ထိုးစစ်ဆင်မှု ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဒေသတွင်းကသောက်သုံးရေကန်တွေနဲ့ စားသောက်ကုန်တွေမှာစစ်တပ်ကအဆိပ်ခပ်သွားဟု​ဒေသခံ​တွေ​ပြော

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ