Connect with us

Hi, what are you looking for?

News

ပဲခူးတွင် လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

“ချိတ်ပိတ်တာကတော့ မနေ့(ဒီဇင်ဘာ ၁၆)က တစ်ရက်တည်းမှာပဲ အိမ်နှစ်လုံးစလုံးကို ပိတ်သွားတာပါ။ အိမ်တွေက လူမနေတော့ ကြာပါပြီ”ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

ပဲခူးမြို့ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇေလတ်၏နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို ယမန်နေ့(ဒီဇင်ဘာ ၁၆)တွင် စစ်ကောင်စီက စတင်ချိတ်ပိတ်လိုက်ခြင်းဖြစ်ပြီး တဆက်တည်းတွင် ပဲခူး​​မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကျန်းမာရေးဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာရွှေပုံ၏နေအိမ်ကိုပါ ချိတ်ခဲ့ခြင်း ဖြစ်သည်။

“ချိတ်ပိတ်တာကတော့ မနေ့(ဒီဇင်ဘာ ၁၆)က တစ်ရက်တည်းမှာပဲ အိမ်နှစ်လုံးစလုံးကို ပိတ်သွားတာပါ။ အိမ်တွေက လူမနေတော့ ကြာပါပြီ”ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီမှ နွေဦးတော် လှန်ရေးနှင့်ဆက်နွှယ်သည့် အရပ်သားပြည်သူများ၏နေအိမ်နှင့် အဆောက်အအုံများကို ချိတ်ပိတ်ခြင်း၊ ၂၀၂၀ ရွေးကောင်ပွဲအနိုင်ရNLD လွှတ်တော်ကိုယ်စားများ၏နေအိမ်များကို ချိတ်ပိတ်ခြင်း၊ PDF တပ်ဖွဲ့ဝင်များ၏နေအိမ်ကို ချိတ်ပိတ်ခြင်းများအား ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် စသည့်ဝန်ကြီးများ၏ နေအိမ်များကို ချိတ်ပိတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။