မေ ၂၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိအခိုက်သေဆုံးမှုများအောင် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့မှု ရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းအချို့က ထုတ်ပြန်ပါတယ်။
ရွှေကူမြို့နယ် ငအိုးဒေသနဲ့ ရွှေကူအကြားမှာ ပြုလုပ်ခဲ့တဲ့ ဒရုန်းစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၁၁)နဲ့ ရွှေကူ KPDF ဒရုန်းတပ်ဖွဲ့တို့က ဖော်ဆောင်တာလို့ အသိပေးထားပါတယ်။
တိုက်ခိုက်မှု ရုပ်သံမှာ စစ်တပ် ဘန်ကာကျင်းနေရာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြည့်ပါတဲ့ ကား၊ စစ်ကောင်စီတပ် နေရယူထားတဲ့ နေအိမ်အချို့နဲ့ တောထဲမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စစ်ကောင်စီ ဒရုန်းတွေကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ တွေ့ရပါတယ်။

Public Service Announcement
စစ်တပ်ဟာ ရွှေကူမြို့နယ်မှာ အင်အားအများအပြားနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ နေ့စဉ်ရှိနေတယ်လို့ KIA ဘက်က ပြောထားပါတယ်။
“အခု လောလောဆယ် ရွှေကူဘက်မှာ တော်တော်ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ နေ့တိုင်းလိုရှိပါတယ်။ ရွှေကူနဲ့ ငအိုးကြားမှာကတော့ ၅လမ်းဆုံပေါ့ အဲဒီရွာရှိတယ်။ အဲဒီရွာမှာလည်းတိုက်ပွဲက သုံးကြိမ်လောက်ဖြစ်ခဲ့ပါတယ်။ နောက် မဘိမ်းဘက် တက်သွားတဲ့ လမ်းတကြောလုံးမှာ လည်း တိုက်ပွဲတော့ ဆက်ရှိပါတယ်။ ကျနော်တို KIAနဲ့ ပူးပေါင်းတပ်တွေလည်း တချိုနေရာမှာကတော့သိမ်းနိုင်တာရှိပါတယ်။ တချိုနေရာမှာလည်း ရန်သူဘက်က နေရာယူထားတဲ့နေရာလည်းရှိပါတယ်။ ရန်သူကတော့ အင်အား ၆၀၀ ကျော်လောက်နဲ့ စစ်ကြောင်း သုံးလေးကြောင်းနဲ့ ထိုးတာကို ခုခံနေတဲ့ အခြေအနေဖြစ်ပါတယ်” လို ဗိုလ်မှူးကြီးနော်ဘူက မေ ၂၂ရက်မှာ ရွှေကူဒေသ စစ်ရေးအခြေအနေကို ပြောပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွှေကူမြို့နယ်မှာ စစ်အင်အားစုဖွဲပြီး ဗန်းမော်ကို စစ်ကူပိုနိုင်ရေး ကြိုးပမ်းနေတာလို ကချင်စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောထားပါတယ်။
စစ်တပ်ဟာ ကချင်အပါအဝင် ဒေသအချို့မှာ စစ်အင်အားအလုံးအရင်း၊ လေကြောင်းပစ်ကူသုံး တိုက်ခိုက်ပြီးဆုံးရှုံးနယ်မြေတွေ ပြန်ရဖို ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ဒီလိုကြိုးပမ်းရာမှာ အဓမ္မ စစ်သားစုဆောင်းထားတဲ့ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေကို အသေခံ တိုက်ပွဲဝင်ခိုင်းနေတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ဖို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
https://www.facebook.com/reel/1690206345353828ရုပ်သံ – တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်း
















































