Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ အမျိုးသမီးတစ်ဦးက လူငယ်တွေကိုချိန်းပြီး စစ်မှုထမ်းအဖြစ်ရောင်းစားနေ

မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးက အွန်လိုင်းကတဆင့် လူငယ်တွေကို ချိန်းဆိုပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေထံ စစ်မှုထမ်းအဖြစ် ရောင်းစားနေကြောင်း Voice of Mandalay အဖွဲ့က ပြောပါတယ်။

(လူငယ်တွေကို ချိန်းဆိုပြီး ပျူစောထီးတွေဆီ ရောင်းစားနေသည်ဟုဆိုသည့် အမျိုးသမီး ဓာတ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ-Voice Of MDY)

မေ ၂၄၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးက အွန်လိုင်းကတဆင့် လူငယ်တွေကို ချိန်းဆိုပြီး စစ်တပ်လက်အောက်ခံ ပျူစောထီးတွေထံ စစ်မှုထမ်းအဖြစ် ရောင်းစားနေကြောင်း Voice of Mandalay အဖွဲ့က ပြောပါတယ်။

မန္တလေးမြို့မှာ အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းကနေလူငယ်အမျိုးသားတွေကို စကားတွေပြောဆိုပြီး အပြင်မှာတွေ့မယ်လို့ချိန်းကာ ပျူစောထီးအဖွဲ့ထံ ငွေကြေးယူပြီး ရောင်းစားနေတာဖြစ်ကြောင်း Voice of Mandalay အဖွဲ့က ပြောပါတယ်။Voice Of Mandalay ဟာ မန္တ​လေး​ဒေသတွင်းစစ်တပ်ရဲ့လှုပ်ရှားမှု​တွေ ၊ပြည်သူ​တွေအ​ပေါ်ဖိနှိပ်မှု​တွေကို ​ဖော်ပြ​ပေး​နေတဲ့ ​ဖေစ်ဘွခ်စာမျက်နှာဖြစ်ပါတယ် ။

(လူငယ်တွေကို ချိန်းဆိုပြီး ပျူစောထီးတွေဆီ ရောင်းစားနေသည်ဟုဆိုသည့် အမျိုးသမီး ဓာတ်ပုံအား တွေ့ရစဥ်။ ဓာတ်ပုံ-Voice Of MDY)

ပြီးခဲ့တဲ့ တစ်လခန့်က မန္တလေးတက္ကသိုလ်အနီး၊ ၇၃ လမ်းနဲ့ ၇၄ လမ်းကြားက မုန့်ဆိုင်တန်းမှာ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးကို ချိန်းဆိုကာ ပျူစောထီးအဖွဲ့ထံ ရောင်းစားပြီး ကားနဲ့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း Voice of Mandalay အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဒီမိန်းမက ယောက်ျားလေးတွေကို မုန့်စားချင်တယ် တွေ့ဖို့ပြောပြီး ပျူတွေနဲ့ပေါင်းပြီး ရောင်းစားနေတာ ၅ ယောက်ထက်မနည်းတော့ဘူးတဲ့”လို့ Voice of Mandalay အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Voice of Mandalay အဖွဲ့က ၎င်းအမျိုးသမီးရဲ့ ဓါတ်ပုံ ၂ပုံနဲ့တကွ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ဓါတ်ပုံတစ်ပုံမှာ ပျူ​စောထီး​တွေဝတ်တဲ့​​ဘောင်ဘီရှည်ဝတ်ထားတာကိုလည်း​တွေ့ရပါတယ်။၎င်းအမျိုးသမီးဟာ Telegram မှာ @yoonmaythaw774747 အကောင့်အမည်နဲ့ လှုပ်ရှားနေတယ်လို့ဆိုပါတယ်။

မန္တလေးမြို့မှာ ယခုလပိုင်းအတွင်း မြို့ထဲမှာတင် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးရွားနေပြီး လူငယ်တွေ မကြာခဏ ဖမ်းဆီးခံနေရကြောင်း မြို့ခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယခုနောက်ပိုင်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာပါ နေအိမ်ပေါ်တက် ပေါ်တာဆွဲတာတွေ ပိုမိုပြုလုပ်နေပြီး စစ်မှုထမ်း အပတ်စဥ် (၂၅)ကို စတင်ဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေအမြန်ပို့ဖို့ တောင်းခံပြီးနောက် စစ်မှုထမ်း လူစုပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ညီဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စစ်မှုထမ်းအပတ်စဥ် (၂၇)အတွက် လူငယ်တွေ အမြန်ပို့ပေးဖို့နဲ့ ပျက်ကွက်ရင်အရေးယူမယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ခြိမ်းခြောက်ထားကြောင်း သတင်းရရှိပါတယ်။

Facebook