Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မြို့တိုက်ပွဲ ပြင်းထန်၊ စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်နေ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မေလ ၂၄ရက်နဲ့ ဒီကနေ့မနက်မှာ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

(ချင်းတော်လှန်ရေးတပ် ရဲဘော်တွေ ကန်ပက်လက်မြို့ရဲစခန်းသိမ်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ချင်းညီနောင်)

မေ ၂၅၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ထိုးစစ်ဆင်နေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က မေလ ၂၄ရက်နဲ့ ဒီကနေ့မနက်မှာ လေကြောင်း ပစ်ကူပေးတိုက်ခိုက်မှုတွေလုပ်ဆောင်နေကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ မေလ ၂၄ရက်နေ့လည်ပိုင်းမှာ ကန်ပက်လက်မြို့ တနေရာကို လေကြောင်း တိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့သလို ညသန်းခေါင် ၁၁နာရီ ၄၅မိနစ် မှာလည်း ကန်ပက်လက်မြို့ တနေရာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောထားပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၅နာရီခန့်မှာလည်း ကန်ပက်လက်မြို့ကို စစ်တပ်က ၂ကြိမ် ဗုံးကြဲခဲ့သလို နာရီဝက်ခန့်အကြာမှာလည်း ကန်ပက်လက်မြို့ကို ထပ်မံ ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က တိုက်လေယာဉ်သုံးပြီး လေကြောင်းဗုံးကြဲခဲ့သလို မနက် ၆နာရီခန့်မှာလည်း Y12 လေယာဉ်နဲ့ လေကြောင်း တိုက်ခိုက်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ဒီလို တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်နေတာဟာ တိုက်ပွဲပြင်းထန်နေလို့ စစ်တပ်က ပစ်ကူပေးတဲ့ အနေအထားဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။

“ထိခိုက်တွေက ရှေ့တန်းမို့ မသိရဘူး”လို့လည်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ကန်ပက်လက်မြို့အပြင် ချင်းတောင်ပိုင်း မြို့တွေဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

မနေ့ညသန်းခေါင်က မင်းတပ်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့သလို မေ ၂၄ရက် မနက်ပိုင်းမှာလည်း မတူပီမြို့ကို စစ်တပ်က လေကြောင်းက ၁၀ကြိမ်ခန့် ဗုံးကြဲခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

ချင်းတောင်ပိုင်းမြို့တွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့ကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း မေလ ၁၁ရက်မှ အခု မေနောက်ဆုံးပတ်အတွင်း စစ်တပ်ဟာ ချင်းတောင်ပိုင်းကို လေကြောင်းက အကြိမ် ၄၀နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက်သားအရွယ် မွေးကင်းစ ကလေးငယ်အပါအဝင် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ CPU/CPA အနေနဲ့ ဒေသတွင်း စစ်ရေး အခြေအနေတွေကို လိုအပ်တဲ့အခါ ထုတ်ပြန်မယ်လို့လည်း အသိပေးထားပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းကို လေကြောင်း၊ မြေပြင်ထိုးစစ်ဆင်နေချိန် ချင်း-မကွေးအစပ် ဒေသတွေကို စစ်အင်အားတွေ အလုံးအရင်းဖြည့်တင်းလျက်ရှိလို့ မကွေးတိုင်း ဆောမြို့နယ် အပါအဝင် ယောဒေသအတွင်း တိုက်ပွဲဖြစ်တာ၊ စစ်ရေးတင်းမာတာ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။