Connect with us

Hi, what are you looking for?

သတင်း

KNU တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို စစ်တပ် လေယာဉ်နဲ့ ဗုံးကြဲ

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

(မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - KNU)

မေ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက မူကြိုကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

မေလ ၂၂ရက်မှာ KNU မြိတ်ထားဝယ်ခရိုင် လယ်မူလား(ပုလော)မြို့နယ် ထီးမိုပွာထပ်ခေါကျေးရွာအုပ်စု၊ ဖားကွင်းကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဒီလို လေကြောင်း တိုက်ခိုက်လို့ မူကြို စာသင်ကျောင်း ပျက်စီးခဲ့ကြောင်း ဖော်ပြထားပြီး လူအထိအခိုက်ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။

စစ်တပ်ဟာ အရင်ကလည်း KNU တပ်မဟာ(၄)နယ်မြေမှာ ကလေးငယ်တွေ စာသင်ကြားရာ နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်တာတွေ ကျူးလွန်ခဲ့လို့ ကလေးငယ်တွေ အစုလိုက်သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မတ်လအတွင်းက KNU မြိတ်ထားဝယ်ခရိုင် တဖီလေးခိုရွာ ခရစ်ယာန် ဘုရားကျောင်းမှာ ကျောင်းသား/သူများ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်းကို စစ်တပ်က ဗုံးကြဲခဲ့လို့ ကလေးငယ် ၇ဦး အပါအဝင် ၁၁ဦး သေဆုံးခဲ့ပါတယ်။

ကလေးငယ်တွေ၊ ကျောင်းသားကျောင်းသူများဟာ အနာဂတ်အတွက် ကျောင်းစာကို အာရုံစိုက်ရမည့်အစား တိုက်လေယာဉ်သံ များကို နားစွင့်ကြောက်ရွံ့ နေကြရကြောင်း KNUက ထုတ်ပြန်ထားပါတယ်။

” ခဲတံ နှင့် ဘောပင် များကို အေးချမ်းစွာ ကိုင်ဆောင်ရမည့်အစား ဗုံးဒဏ်မှလွှတ် မြောက်ရန် ပုန်းအောင်းနေကြရပါသည်။စာသင်ကျောင်းများ၊ စာသင်ခန်းများ နှင့် ပြည်သူများ နေထိုင်သည့် နေရာများ သည် ဘေးကင်းလုံခြုံရာနေရာများ ဖြစ်သင့်သော်လည်း ယနေ့တွင်မူ ထိုနေရာများသည် စစ်ကောင်စီ၏ ပစ်မှတ်များ ဖြစ်နေရသည်” လို့ KNUက မတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးမှုကို မျက်ဝါးထင်ထင် တွေ့ နေရပါလျက်နဲ့ မျက်ကွယ်ပြု နှုတ်ငုံနေခြင်း၊ ဖိအားပေးအရေးယူရန် ပျက်ကွက်ကာ အာဏာသိမ်းစစ်တပ်ကို သံတမန် အခင်းအကျဉ်းတွင် ဆက်လက်နေရာပေး ထိတွေ့ဆက်ဆံနေခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ပိုမိုအားပေး ရာရောက်ကြောင်းလည်း KNUက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook