Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ပြည်သူ ၆ဦး သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ရေလည်သောင်ရွာကို တိုက်ခိုက်ခဲ့တဲ့ စစ်တပ်ရဲ့ အသေခံဒရုန်းကို တွေ့ရစဥ်။ ဓာတ်ပုံ - ဒေသခံ)

မေ-၂၉၊ ၂၀၂၆။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးချကာ ကျေးရွာတွေကို စီးနင်းတာကြောင့် ပြည်သူ ၆ဦး သေဆုံးခဲ့ပြီး စစ်တပ် စစ်ကြောင်းက ဒီနေ့အထိ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ၂၇ရက်က ငါန်းဇွန်မြို့ဘက်ကနေ ပျူစောထီးနဲ့ စစ်တပ်အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ငါန်းဇွန်-မြင်းမူလမ်း(တာဘောင်)လမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး သပြေသာ၊ ငါးလွန့်ရွာတို့ကို ဝင်ပြီး ပစ္စည်းတွေယူကာ ပတ်ဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးတွေ လိုက်ချခဲ့တာလို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ပြည်သူတွေဟာ ကုလားရွာနဲ့ ဓာတ်တော်ရွာတို့ကဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး ကာကင်းကို ဝင်ပစ်ချိန်မှာ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်က ပြောပါတယ်။

“သီတာယုမွန် ပျူတွေ၊ ကွန်မန်ဒိုစစ်ကြောင်း၊ စစ်သားနည်းနည်းနဲ့ ထိုးလာတယ်လို့ သိရတယ်။ အရင်ကတော့ ဒီဘက်ခြမ်းမှာ မကြာခဏတိုက်ပွဲဖြစ်တာရှိတယ်။ အခုလို ရက်ရှည်တပ်စွဲတာတော့ ဒါပထမဆုံးပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ အဲဒီရွာမှာပဲ တပ်စွဲထားဆဲဖြစ်ကာ ပြည်သူအလောင်းတချို့ကိုလည်း မကောက်ယူနိုင်‌ခဲ့ဘူးလို့ သိရပါတယ်။

မေလ ၂၈ရက် မနေ့ကလည်း စစ်တပ်က ရေလည်သောင်ကျေးရွာကို အသေခံဒရုန်းနှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရေလည်သောင်ရွာကို မနေ့က နှစ်စီးကြဲတာ။ စစ်ရှောင်တွေ ရှိတဲ့ဘက်ပေါ့။ မနေ့ကတော့ အထိခိုက်မရှိဘူး”လို့ သူက ဆိုပါတယ်။

လက်ရှိလည်း အဲဒီစစ်ကြောင်းဟာ ကုလားရွာကျေးရွာအုပ်စုကို တပ်စွဲပြီး အနီးနားကျေးရွာတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲကာ ပြည်သူတွေရဲ့ နေအိမ်ကပစ္စည်းတွေကို လုယက်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။