Connect with us

Hi, what are you looking for?

သတင်း

မြိုင် လက်ယက်မရွာကို စစ်တပ် အသေခံဒရုန်းနဲ့တိုက်ခိုက်၊ ပြည်သူအချို့ဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မစံပြကျေးရွာ တိုက်နယ်ဆေးရုံအနီးကို စစ်တပ်က အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်လို့ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။

တိုက်ခိုက်ခဲ့သော အသေခံဒရုန်း၏ အပိုင်းအစများ။ ဓါတ်ပုံ-ဒေသခံပေးပို့

ဇွန်-၁၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်က လက်ယက်မစံပြကျေးရွာ တိုက်နယ်ဆေးရုံအနီးကို စစ်တပ်က အသေခံဒရုန်း၂စီးနဲ့ တိုက်ခိုက်လို့ ပြည်သူအချို့ဒဏ်ရာရပြီး နေအိမ် ၁လုံး ပျက်စီးခဲ့ပါတယ်။

ဒီကနေ့ ဇွန်လ ၁ ရက် မနက် ၁၂ နာရီခန့်က မြိုင်မြို့နယ်၊ လက်ယက်မ(စံပြ)ကျေးရွာအရှေ့တောင်ပိုင်း ဆေးရုံ တောင်ဘက်တစ်လမ်းကျော်ကို မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ အသေခံ ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ် ၁ လုံး ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပျက်စီးသွားသော နေအိမ်။ ဓါတ်ပုံ-ဒေသခံပေးပို့

“ဆေးရုံက မလည်ပတ်ဘူး။ ဆေးရုံက အဟောင်းကြီးပဲ။ အဲအတိုင်းကြီးပဲ ပစ်ထားတာ။ ဘယ်သူမှမနေကြဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ယက်မကျေးရွာအနီးမှာ ကန်နီပျူစောထီးကျေးရွာရှိပြီး အဲဒီပျူရွာဟာ စီးပွားရေးကောင်းတဲ့ လက်ယက်မစံပြကျေးရွာကို ယခင်ကတည်းက ပြိုင်ဘက်ရွာလို့ သဘောထားတဲ့အတွက် အဲဒီအငြှိုးတွေနဲ့ပါ စစ်တပ်ကို မကြာခဏ တိုက်ခိုက်ခိုင်းနေတာလို့ ယူဆဖွယ်ရှိကြောင်း အညာမြေအရပ်ဖက်အဖွဲ့အစည်းမြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

“ကန်နီပျူရွာကနေ လက်ယက်မကို တိုက်ခိုက်ဖို့၊ ဖြိုဖျက်ပစ်ဖို့ စစ်တပ်လော်ဘီတွေက တင်တာလည်းရှိတယ်။”လို့ ဆရာထွေးက ပြောပါတယ်။

လက်ယက်မကျေးရွာဟာ အာဏာသိမ်းကာလအစောပိုင်းက စစ်တပ်စစ်ကြောင်းတွေ စထိုးစဥ်ကတည်းက မီးရှို့ခံရတဲ့ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော် ပြာကျခဲ့ပါတယ်။ ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏ တိုက်ခိုက်ခံရဖူးပါတယ်။

ဒီကနေ့မနက်ပိုင်းကပဲ မြိုင်မြို့နယ်တောင်ပိုင်း တကစ-၃ ဒေသအခေါ် စက်မှု-၂ကနေ စစ်တပ်စစ်ကြောင်းတစ်ကြောင်း ထွက်လာပြီး ကုန်းရွာအတွင်း ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook