Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာ စစ်တပ်အထိနာပြီးနောက် စစ်ကြောင်းထိုးမီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

(၂၀၂၆ မေလ ၂၆ရက်က တိုက်ခိုက်ခံရသည့် စစ်တပ်စစ်ကြောင်းအား တွေ့ရစဥ်။ ဓါတ်ပုံ-Screen Grab)

ဇွန်-၂၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့က ဇွန်လ ၁ရက် မနက်ပိုင်းက မြိုင်မြို့နယ်၊စက်မှု (၂)ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ကုန်းကျေးရွာ ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“အိမ် ၂၀လောက် ကုန်တယ်ပြောတယ်”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်ရဲ့ တာဝန်ရှိသူ ဆရာထွေးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းကြောင့် ဝက်ပုတ်အုပ်စုမှ ကျေးရွာ ၄ ရွာ၊ ဝါးရင်းချိုင်၊ ပေပင်တိုက်၊ ချောင်းဦးတို၊အိုင်းမ၊ ကျောက်တိုင် စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆရာထွေးက ပြောပါတယ်။

စစ်ရှောင်အရေအတွက် များနေတာကြောင့် အမိုးအကာ၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောက်ရက်တွေမှာလည်း စစ်ကြောင်းထိုးနိုင်တာကြောင့် မြိုင်မြို့နယ်အရှေ့မြောက်ပိုင်းနဲ့ အနောက်တောင်ပိုင်းမှ ပြည်သူများအားလုံး သတိပြုနေထိုင်ကြဖို့ We Love Myaing အဖွဲ့က သတိပေးထားပါတယ်။

ဇွန်လ ၁ရက်လည်း မြိုင်မြို့နယ်မြောက်ပိုင်း လက်ယက်မကျေးရွာကို စစ်တပ်က အသေခံ ဒရုန်း ၂စီးနဲ့လေကြောင်းတိုက်ခိုက်လို့ ဒေသခံပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ပါသေးတယ်။ ညနေပိုင်းမှာလည်း ဝက်ပုတ်ကျေးရွာ ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်မှုအခြေအနေ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်က လင်းကတောစခန်းကနေ ရွာတွေပတ်မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်လို့ စစ်တပ်အထိနာခဲ့ပြီးနောက် ယခုလို စစ်ကြောင်းထိုးနေတာဖြစ်ကြောင်း တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

စစ်တပ်ဟာ ရက် ၁၀၀စီမံချက်မှာ မြိုင်နယ်ကို ရိက္ခာဖြတ်တောက်ထားပြီး ပခုက္ကူမြို့အထွက်ကနေ ကုန်ပစ္စည်းသယ်ယူတာတွေကို တင်းတင်းကြပ်ကြပ် တားမြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook