ဇွန်-၂၊၂၀၂၆၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတားကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။
မေလ ၃၁ရက်မှာ တံတားကျေးရွာဘက်ကို အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ ထိ တွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တံတားရွာက အရှေ့ဘက်ထွက်လာတဲ့အဲဒီစစ်ကြောင်းကိုပဲ ဇွန်လ ၁ရက်မှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ဦး ထပ်မနည်း သေဆုံးခဲ့တာကို မျက်မြင်တွေ့ခဲ့ရပြီး စစ်အသုံးအဆောင်နဲ့ ယမ်းတချို့လည်းသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement
“ဒီစစ်ကြောင်းက ညောင်ဦးကထွက်လာတဲ့ စစ်ကြောင်းပဲ။ မေလ၂၄ရက်နေ့က ဖလန်ကန်ရွာအထွက်အတိုက်ခံရတဲ့ စစ်ကြောင်းပဲ။အဲတာငါ့သရောက်က ပြန်ထွက်လာတာ”လို့ ပုပ္ပါး ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ယခုတစ်ကြိမ်ထပ်မံတိုက်ခိုက်ခံရပြီး စစ်ကျောပိုးအိတ် ၁လုံး၊၆၀ မမ ဗုံးသီး ၃လုံး၊ယူနီဖောင်း ၁စုံ၊MAကျည်ဘောက် ၁ခုနဲ့ ကျည် ၃၀ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၊21 Bagan တပ်ဖွဲ့၊Popa Guerilla Force(PDF)၊ဂဠုန်ပြောက်ကျားတပ်ဖွဲ့၊မြင်းခြံခရိုင်တပ်ရင်း (၃)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လက်ရှိ အဲဒီစစ်ကြောင်းဟာ ဒီကနေ့မှာ ဗျိုင်းအင်းနဲ့ သဲတောကျေးရွာတွေမှာ အင်အားဖြန့်တပ်စွဲထားတယ်လို့ သိရပါတယ်။





















































