Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့မှာ လဝကရုံး ဗုံးပေါက်၊ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်-၅၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)အတွင်း ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ စစ်ကိုင်း- မုံရွာလမ်း၊ညောင်ပင်ဝန်းရွာက သံပြားကာ စစ်ကား ၅စီးဟာ တပ်မ (၃၃) ပြန်ဝင်ဖို့ထွက်လာချိန် စစ်ကိုင်းမြို့အဝင်နားက ကျောက်ဆည်နဲ့ ကုန်းကျေးရွာကြားမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။

“ကားတစ်စီးကတော့ တော်တော်လေးစုတ်ပျက်သွားတယ်။ဖြစ်ပြီးတော့ အတူတူလာတဲ့ ကားတွေက သေနတ်တွေနဲ့ လျှောက်ပစ်နေလို့ အနားကပ်မရခဲ့ဘူး။အထိခိုက် အသေးစိတ်ကိုမသိရဘူး”လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖြစ်စဉ်ကို သိရှိထားသူ တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က သေနတ်တွေနဲ့ အချိန်တော်ကြာ ပစ်ခတ်ပြီး မိုင်းဆွဲခံရတဲ့ကားကို နေရာမှာထားခဲ့ပြီး ဒဏ်ရာရတဲ့ စစ်သားတွေကို ခေါ်ဆောင်ကာ တပ်မ(၃၃)အတွင်း ဝင်သွားတယ်လို့ သိရပါတယ်။

စစ်တပ်က စစ်မှုထမ်းတပ်သားသစ်အင်အားတွေသုံးကာ နယ်မြေအများစုကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေစဉ် စစ်ကိုင်းမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်မှာ ပြောက်ကျားတိုက်ခိုက်ခံရမှုတွေ ပြန်ဖြစ်လာခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

မကွေး-နတ်မောက်လမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ မကွေးခရိုင်စစ်ဌာန သရက်ခရိုင် အမှတ် (၃)ငါးပြေမတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook