Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ လုပ်မလားဆိုတဲ့ မေးခွန်းကို ပူတင် တိုက်ရိုက်မဖြေ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။

ပူတင်ရဲ့ လက်ရှိ သမ္မတ သက်တမ်းဟာ ၂၀၃၀ ပြည့်နှစ် မေလ ၇ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့် ဥပဒေတွေကို ရုရှားမှာ ပြင်ဆင်ထားတဲ့နောက် ပူတင်ဟာ နောက်ထပ် ၆ နှစ်သက်တမ်း တစ်ကြိမ်ထပ်ပြီး ရွေးကောက်ပွဲ ဝင်ပြိုင်လို့ ရနေပါသေးတယ်။ ဒီတော့ သူဟာ ၂၀၃၆ ခုနှစ်ထိ သမ္မတ နေရာကို ဆက်လက် ဆုပ်ကိုင်ထားလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံနေရပါတယ်။

ဇွန်လ ၄ ရက်နေ့မှာတော့ စိန့်ပီတာစဘာ့ဂ်မြို့မှာ ပူတင်ဟာ နိုင်ငံတကာ သတင်းအေဂျင်စီတွေနဲ့ တွေ့ဆုံခဲ့ပြီး ၂၀၃၆ ခုနှစ်ထိ သမ္မတအဖြစ် တာဝန်ယူနေဦးမှာလားဆိုတဲ့ မေးခွန်းနဲ့ ကြုံခဲ့ရပါတယ်။ အသက် ၇၃ နှစ် ရှိပြီဖြစ်တဲ့ ပူတင်ကတော့ အဲဒီမေးခွန်းကို တိုက်ရိုက် မဖြေဘဲ လောလောဆယ် ပြောဖို့ စောလွန်းသေးကြောင်းနဲ့ အဲဒီအချိန်ထိ သူကျန်းကျန်းမာမာ ရှိမလား ဆိုတာကို ဘုရားသခင်ပဲ သိနိုင်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

သမ္မတအဖြစ် အဲဒီလောက်ထိကြာအောင် တာဝန်ယူဖို့ လုံလောက်တဲ့ ခွန်အားနဲ့ သက်လုံမျိုး သူ့ဆီမှာ ရှိမလား ဆိုတာ မသေချာကြောင်း၊ သူနဲ့အတူ စုဝေးရောက်ရှိနေသူ အားလုံး မနက်ဖြန်ထိ၊ သန်ဘက်ခါထိ ကျန်းကျန်းမာမာနဲ့ ဆက်ရှိနေမှာလား၊ ကိုယ်စီ ကြုံနေတဲ့ အလုပ်တာဝန်တွေနဲ့ ရည်ရွယ်ချက်တွေကို ဆက်ပြီး ကိုင်တွယ်ဖြေရှင်းခွင့် ရနေမှာလား ဆိုတာကို ဘုရားသခင်သာ သိနိုင်မှာဖြစ်ကြောင်း ပူတင်က ပြောဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ဟာ ၁၉၉၉ ခုနှစ်ကစလို့ ရုရှားရဲ့ ဝန်ကြီးချုပ်နဲ့ သမ္မတ ရာထူးတွေကို ပြောင်းလဲရယူပြီး နိုင်ငံရဲ့ အမြင့်ဆုံး အာဏာပိုင်အဖြစ် အစဉ်အဆက် ရှိနေခဲ့ပါတယ်။ လောလောဆယ်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သတ်မှတ်ချက်အရ သူ့ရဲ့ သမ္မတ သက်တမ်းဟာ ၂၀၃၀ ထိ ကျန်နေသေးကြောင်း၊ အဲဒီနောက်ပိုင်း ကိစ္စကို ပြောဆိုဆွေးနွေးဖို့တော့ စောလွန်းသေးတယ်လို့ သူထင်ကြောင်း ပူတင်က ဆိုပါတယ်။

ရိုးရိုးသားသား ပြောရရင် ဒီအကြောင်းပြောဖို့ အရမ်းစောနေသေးပြီး သူက စဉ်းတောင် မစဉ်းစားဖူးသေးကြောင်းလည်း ပူတင်က ဆက်ပြောပါတယ်။

ရုရှားဟာ ကြီးမားပြီး ဖိအားများတဲ့ ကိစ္စတွေ အများကြီးကို ရင်ဆိုင်နေရကြောင်း၊ သူ့အနေနဲ့ နောက်ထပ် သမ္မတ ဘယ်လောက်ကြာအောင် ဆက်လုပ်မလဲ ဆိုတာထက် ရုရှားနိုင်ရဲ့ အနာဂတ် အကြောင်းကိုပဲ တွေးတောရင်း အဲဒီ ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း ပူတင်က မှတ်ချက်ပေးသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။