Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ စစ်ရှောင်တွေရှိတဲ့ဘုန်းကြီးကျောင်း စစ်တပ်စီးနင်းပြီး အဘွားအို ၁ဦး ပစ်သတ်

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းတပ်သားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

ဇွန်-၆၊၂၀၂၆။ကတ်သရင်းနှင်း/People’s Spring

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီးပြီး အသက်(၈၀)ကျေ ာ်အဘွားအို ၁ဦးကိုသတ်ဖြတ်ကာ ဖုန်းတွေသိမ်းယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၄ရက်က ပျူစောထီး နဲ့စစ်သား ပူးပေါင်း စစ်ကြောင်းဟာ မနက်ပိုင်းမှာ ငါန်းဇွန်မြို့နယ်ကထွက်လာပြီး မြို့တောင်ဘက်က ထွန်းသာကျေးရွာ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းကာ ဆေးကင်းရွာကနေ စစ်ဘေးရှောင်နေတဲ့ အသက်(၈၀) အရွယ် အဘွားအိုကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ ဆေးကင်းရွာက စစ်ဘေးရှောင်ပြည်သူ ၇၀ကျော်ရှိပြီး စစ်တပ်က ဝင်ရောက်စီးနင်းချိန်မှာ သံဃာ‌တွေကိုပါ ဝမ်းလျားမှောက်ခိုင်းပြီး စစ်ရှောင်တွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တွေ သိမ်းယူသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

” ဘာလို့စစ်ကြောင်းထိုး နေသလဲဆိုတာကို ပြောရခက်ပါတယ်။ပတ်လည်ကို ပတ်ချာလှည့်ထိုးနေတာ။တချို့စစ်ကြောင်း တွေကလူသတ်တယ်။တချို့စစ်ကြောင်း တွေကဘာမှလုပ်မသွားဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီနေ့မှာလည်း ငါးဇွန်မြို့ရဲ့ အရှေ့ဘက်က ကျေးရွာတွေကို မနက်ပိုင်းကတည်းက ပျူနဲ့ စစ်သားတွေ စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ၂‌‌၇ ရက်ကလည်း ငါန်းဇွန်မြို့ရဲ့ မြောက်ဘက်က ကုလားရွာနဲ့ဓာတ်တော်ကျေးရွာတို့ကို စစ်တပ်က စီးနင်းပစ်ခတ်ပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ ၆ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။