Connect with us

Hi, what are you looking for?

သတင်း

ကျောမြို့ ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ် လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရ

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

( ၂၀၂၄ ဩဂုတ် ၁၅ရက်မှာ ကျောမြို့ရှိ Well-1 ထုတ်လုပ်ရေးစခန်း နယ်မြေရဲစခန်းအား PDFများ သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Earthquake People Defence Force)

ဇွန်-၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊ ကျောမြို့က ဂိတ်စခန်းတိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်လို့ ပြည်သူ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ ကျောမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မနေ့က(ဇွန် ၆ ရက်)ကျောမြို့ရဲစခန်းအနီးက စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် စစ်တပ်က ၆၀ မမ ၊ဒရုန်း အပါအ၀င် လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်တာကြောင့်ကျောင်းသား ၁ ဦးနဲ့ ပြည်သူ ၁ဦး ခြေထောက် ထိမှန်ဒဏ်ရာရတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“အဲဒီဂိတ်က ပျူစောထီးရော ရဲရော ၁၀ ယောက်လောက်ရှိတယ်။ထိတဲ့သူကတော့ သေနတ်မှန်တယ်ကြားတာပဲ”လို့ ကျောမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် ကျောမြို့က ပြည်သူတွေအနေနဲ့ စစ်တပ်၊ပျူစောထီးတွေ နေထိုင်ရာအနီး မသွားလို့ဖို့လည်း ကျောပကဖက တိုက်တွန်းထားပါတယ်။

ကျောမြို့မှာ စစ်တပ်နဲ့ စစ်တပ်ဖွဲ့စည်းပေးထားတဲ့ ပျူစောထီးအင်အား ၁၂၀ဝန်းကျင် ရှိပါတယ်။

ကျောမြို့ရဲစခန်းနဲ့ ပုလဲမြို့နယ်နဲ့ ထိစပ်နေတဲ့ ကန်းဒေါင့်ကျေးရွာအနီးရှိတဲ့ အမှတ်(၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၃)မှာ စစ်တပ်က အခိုင်မာတပ်စွဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောမြို့မှာရှိတဲ့ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းသိမ်းတိုက်ပွဲတွေ ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။