Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးကစစ်ရှောင်တွေ စားသောက်နေထိုင်ရေး အခက်တွေ့နေ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပြီး တစ်ပတ်ကျော်လာလို့ စားသောက်နေထိုင်ရေး အခက်အခဲရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(၂၀၂၂ ခုနှစ် မတ်လက ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးမီးရှို့သွားခဲ့ပြီးနောက် တွေ့ရစဥ် ဓါတ်ပုံ-မိုးသားရိပ်)

ဇွန် ၈၊ ၂ဝ၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တောင်ဘက်ခြမ်းမှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုးပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပြီး တစ်ပတ်ကျော်လာလို့ စားသောက်နေထိုင်ရေး အခက်အခဲရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁ ရက်ကတည်းက ချောင်းဦးမြို့နယ် တောင်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးနေပြီး အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ စက်သေနတ်တွေနဲ့ပါ ပစ်ခတ်နေလို့ ရွာတော်လေး၊ မှန်ချို၊ ဆင်မြေ၊ငါးလုံးတင်၊ မထိသာ၊ မင်းခေါင်၊ မင်းတည်၊ မကျည်းခွ၊ ပေါက်ပင်၊ ညောင်ပင်တဲနဲ့ ရှမ်းထူးကျေးရွာတို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“အခုထိ အသေခံ ဒရုန်းတွေ ချနေတာ။ ပွိုင့်5ပါ ကားရော ရမ်းသမ်းပစ်နေတာ။ ထွေအုပ်ရုံးထဲကရော တနေကုန်လက်နက်ကြီး ပစ်ကူသဘောနဲ့ရမ်းသမ်းပစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ရှောင်နေရတာ အချိန်ကြာမြင့်လာတာနဲ့အမျှ စစ်ဘေးရှောင်စခန်းတွေနဲ့ တောတောင်တွေထဲမှာ ခိုလှုံနေရတဲ့ အသက်ကြီးရွယ်အို ဘိုးဘွားတွေဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ကျန်းမာရေးနဲ့ နေထိုင်ရေးမှာ ဒုက္ခရောက်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ချောင်းဦးမြို့နယ်တောင်ဘက်ခြမ်းကိုတအားမဲနေတာ။ မြို့ပေါ်က ပြည်သူ၃၀လောက်

လူသားဒိုင်းဖမ်းပြီး စစ်ကြောင်းထိုးလာတာကြားတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်တပ်ဟာ ဇွန်လပထမပတ်အတွင်း ချောင်းဦးမြို့နယ်ကို မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာဖြစ်ပြီး ဇွန်လ ၅ ရက်က ရှမ်းထူးကျေးရွာက ဂျိုင်ရိုကော်ပတာ ၄စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ သေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာမှာလည်း ပါရာမိုတာ၊ ဂွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းကနေ တိုက်ခိုက်လို့ ပြည်သူ့နေအိမ်တွေနဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်ဟာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၅ အောက်တိုဘာ ၆ ရက်က ချောင်းဦးမြို့နယ်က ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေချိန် စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ဒေသခံ ၄၀ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။