Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးပို့မယ့် စစ်တပ် လက်နက်ခဲယမ်းယာဥ် ၂စီး တိုက်ခိုက်ခံရပြီး စစ်ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံး၊ လက်နက် ၄ လက်သိမ်းရ

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ဇွန်-၈၊ ၂၀၂၆။ဇေအောင်၊မိုမို/People’s Spring

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၇ ရက် ည ၈နာရီခွဲခန့်က မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ ချောင်းဦးမြို့သို့ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့ မောင်းနှင်လာတဲ့ Alphard အိမ်စီးကား ၁စီးနဲ့ Honda Fit ကား ၁စီး၊ စုစုပေါင်း ယာဉ် ၂ စီးကို တောပုပျူစောထီးကျေးရွာအနီးမှာ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါ စစ်ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားကြောင်း၊ ဒါ့အပြင် MA1.Mark2တစ်လက်၊ MA1.Mark1တစ်လက်၊ MA3.Mark1တစ်လက်၊ G3တစ်လက်စုစုပေါင်း လက်နက် ၄ လက် ရရှိခဲ့ကြောင်း MONYWA DYNAMITE-STF အဖွဲ့က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒဏ်ရာရရှိတဲ့ စစ်အုပ်စုဝင်တွေကို မုံရွာ နမခ စစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရပါတယ်။

တော်လှန်ရေးအဖွဲ့တွေဟာ အဲဒီဖြစ်စဥ်ကို ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ ယူနီဖောင်းဝတ်စစ်အုပ်စုဝင်တွေ သေဆုံးနေတာကို တွေ့​မြင်ရပါတယ်။

“ချောင်းဦးမြို့ကို လက်နက်ခဲယမ်း၊ လက်နက်ကြီးကျည်တွေ လက်နက်ကြီးအဖူးတွေ ပို့ပြီးတော့အပြန်မှာ ကျွန်တော်တို့က ပစ်လိုက်တာ”လို့ BRAVE HEART ARMY (BHA)ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါ စစ်ဆင်ရေးကို BRAVE HEART ARMY (BHA)၊ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (PSF)၊ MONYWA SPECIAL-ဒိတ်ဒိတ်ကြဲ၊ MONYWA DYNAMITE-STF နဲ့ GOLDEN TARGET FORCE (GTF) စတဲ့ တော်လှန်ရေးမဟာမိတ် ၅ အဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ချောင်းဦးမြို့နယ်တောင်ပိုင်းကို အာဏာသိမ်း စစ်တပ်က ဇွန်လ ၁ ရက်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူတချို့ထိခိုက်မှုရှိနေပြီး စစ်ဘေးရှောင်နေရသူ ငါးထောင်၀န်းကျင်ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

အနောက်မြောက်တိုင်းစစ် ဌာနချုပ် (နမခ) နဲ့ မြင်းမူမြို့နယ်ကနေ စစ်တပ်က ချောင်းဦးမြို့ကို အင်အားဖြည့်ပြီးနောက် မေလ ၃၁ ရက်ကစပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“စစ်ကြောင်းက မေလ ၃၁ ရက်ကနေပြီး ချောင်းဦးမြို့နယ်ကိုစထိုးတယ်။လက်ရှိအချိန်ထိအောင် စစ်ကြောင်းက ချောင်းဦးမြို့နယ်ထဲမှာရှိတယ်။

ချောင်းဦးမြို့ပေါ်ကနေ အထိုင်ချပြီး စစ်ကြောင်းထိုးတာပေါ့။မြို့ထဲကို အင်အား ၃၀၀ နဲ့ ၄၀၀ ကြားပို့ထားတယ်။စစ်ကြောင်းက မြို့ထဲ ကနေ ၀င်လိုက်ထွက်လိုက်အနေအထားရှိတယ်”လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်တပ်က စစ်ကြောင်းမထိုးမီ လက်နက်ကြီးနဲ့ပစ်တာ၊‌ဂျိုင်ရိုကော်ပတာ၊အသေခံဒရုန်း အပါအ၀င် ဒရုန်းနဲ့ ဗုံးကြဲတာတွေ ရှိနေတယ်လို့ အသိပေးပါတယ်။

ဒါကြောင့် ချောင်းဦးမြို့အနီးက ပြည်သူ ၂ဦးထက်မနည်း ဒဏ်ရာရထားပြီး ကျေးရွာခြောက်ရွာထက်မနည်း ဘေးလွတ်မယ်လို့ယူဆရတဲ့နေရာတွေကို ရွှေ့ပြောင်းနေရတယ်လို့ ဒေသခံစစ်ရှောင်အရေးကူညီနေသူတစ်ဦးက ဆိုပါတယ်။

“နတ်ရေကန်၊ငါးလုံးတင်၊ရွာတော်လေး၊ငါးယှန်၊ထူးနီ၊ဘလွေ၊ဆင်မြေ အကုန်ရှောင်နေရတာပေါ့။စုစုပေါင်း ဒေသခံ ၅၀၀၀ လောက်ရှိတယ်”လို့ သူက ပြောပါတယ်။

စစ်ရှောင်ရသူတွေက မိုးတွင်းကာလဖြစ်လို့ ပိုပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရကာ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

https://www.facebook.com/reel/2443040202883323

ရုပ်သံ – K Htet/Fb

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို