Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့မှာ လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေတဲ့ ပျူစောထီး အုပ်ကြီးသားအဖ နေအိမ်မှာ ပစ်သတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

(သေဆုံးအုပ်ကြီးသားအဖအား တွေ့ရစဥ်။ ဓါတ်ပုံ-ရေစကြိုပကဖ)

ဇွန် ၉၊ ၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

မနေ့က ဇွန်လ ၈ရက် ညပိုင်းက ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလွင်မျိုးအောင်(ခ)ငလွင်နဲ့ ၎င်းရဲ့သားဖြစ်သူ ပျူစောထီးရဲမာန်တို့ကို နေအိမ်အထိ သွားရောက်ဖမ်းဆီးခဲ့ရာ ထွက်ပြေးလို့ ပစ်ခတ်ရာကနေ သေဆုံးသွားကြောင်း ကြောင်း ရေစကြိုပကဖအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ငလွင်က အမှတ်(၄)နဲ့ အမှတ် (၆)ရပ်ကွက်က ဆင်းရဲတဲ့ပြည်သူတွေကို အ​ဓမ္မ ပျူစောထီးသင်တန်းတက်ခိုင်းတာတွေ၊ ပေါ်တာဆွဲတာဖမ်းဆီးတာတွေ ပြုလုပ်တယ်။ သားဖြစ်သူကတော့ ပျူစောထီး၊ သင်တန်းဆင်းထားတယ်။ လက်နက်လည်းကိုင်တယ်။”လို့ ၎င်းတာဝန်ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးအုပ်ကြီးသားအဖထံက လက်နက်သိမ်းဆည်းရမိတာမျိုးမရှိဘဲ လက်ကိုင်ဖုန်းတွေကိုတော့ သိမ်းဆည်းခဲ့ပြီး လိုအပ်တာတွေစစ်ဆေးနေတယ်လို့ သိရပါတယ်။

ရေစကြိုမြို့ပေါ်မှာ စစ်တပ်နဲ့တိုက်ရိုက်ဒါမှမဟုတ် သွယ်ဝိုက ပေါင်းသင်းဆက်ဆံ ထောက်ပံ့အားပေးနေသူ ဘယ်သူ့ကိုမဆို ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ ရေစကြိုပကဖက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ပြုလုပ်နေတဲ့ တောင်ပြုံးပွဲမှာ ပျူစောထီးတွေက ဝင်ကြေးအဆမတန် ကောက်ခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ တစ်ညတည်း လူငယ် ၃ ဦး ပေါ်တာဆွဲခံလိုက်ရပါတယ်။

သတင်း

ပေါ်တာဆွဲခံရပြီး ခလရ(၂၅၆)တပ်ရင်းရောက်နေတဲ့ စစ်မှုထမ်းတပ်သား ၁ဦး လက်နက်ယူ ထွက်ပြေးလာပြီး ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံ အလင်းဝင်လာပါတယ်။

သတင်း

ဖမ်းမိထားတဲ့ ပျူစောထီး ၂ဦး ထွက်ပြေးခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။