Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုမတင်ဆောင်ဖို့ ပူတာအို PDF တားမြစ်

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

Google Map က ပြသတဲ့ မြစ်ကြီးနား - ပူတာအို လမ်းကြောင်း

ဇွန် – ၉ ၊၂၀၂၆ /People’s Spring

ကချင်ပြည်နယ်၊မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာသွားလာနေတဲ့ခရီးသွားကားတွေအနေနဲ့အာဏာသိမ်းစစ်တပ်ရဲ့ရိက္ခာနဲ့ဝန်ထမ်းတွေကိုသယ်ယူပို့ဆောင်တာတွေမလုပ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ချက်ထုတ်ပြန်လိုက်ပါတယ်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာအရပ်ဘက်ကားတွေကို အကာအကွယ်ယူပြီးစစ်တပ်က သွားလာတာတွေပြုလုပ်နေတာကြောင့် အခုလို တားမြစ်တာလို့ ပူတာအို PDF က ဆိုပါတယ်။

စစ်တပ်ကလူအင်အားပို့ဆောင်တာ၊ ရိက္ခာဖြည့်ဆည်းတာတွေ လုပ်ဆောင်ရာမှာအရပ်သားကားတွေကိုအသုံးပြုနေတာလို့ ပူတာအို PDF က အသိ ပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့်ဇွန်လ ၅ ရက်ကစပြီး မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအို လမ်းပိုင်းကိုအသုံးပြုမယ့်ကားတွေဟာစစ်တပ်နဲ့အတူသွားလာတာတွေမလုပ်ဖို့၊ဌာနဆိုင်ရာဝန်ထမ်းတွေကိုမတင်ကြဖို့ ၊ စစ်တပ်ရဲ့ ရိက္ခာနဲ့ ပစ္စည်းတွေ မသယ်ဆောင်ကြဖို့ ပူတာအို PDF က တားမြစ်ပါတယ်။

လက်ရှိမှာစစ်တပ်ဟာမြစ်ကြီးနားမြို့ဆီလူအင်အား၊ခဲယမ်းနဲ့စားနပ်ရိက္ခာကိုစစ်ယာဉ်တန်း နဲ့ ဖြည့်ဆည်းထားပါတယ်။

ပူတာအိုမြို့ဟာကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့ရဲ့အထက်ပိုင်း မှာရှိပြီး၂၁၈ မိုင်ခန့်ဝေးပါတယ်။ အဲဒီလမ်းကြောင်းမှာရှ်ိတဲ့ ဆွမ်ပရာဘွမ်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ထိန်းချုပ်ထားပါတယ်။

ပူတာအိုမြို့ပေါ်ကိုစိုးမိုးထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်နှစ်ကုန်ပိုင်းမှာကျင်းပတဲ့ရွေးကောက်ပွဲမှာပူတာအိုကိုပါထည့်သွင်း ကျင်းပခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။