Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်ကို ဆက်အရေးယူဖို့ အလုပ်သမားညီလာခံ ILC ဆုံးဖြတ်

အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ဆက်လက်အရေးယူသွားဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံက ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊အလုပ်သမားရေးရာဦးစီးဌာနက ဒီကနေ့ ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

(အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC)ရဲ့ (၁၁၄) ကြိမ်မြောက် အစည်းအဝေးတက်ရောက်လာတဲ့ တာဝန်ရှိသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ILO Actrav)

ဇွန် -၁၂ ၊၂၀၂၆။ဇော်၀င်း/People’s Spring

အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ဆက်လက်အရေးယူသွားဖို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံက ဆုံးဖြတ်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊အလုပ်သမားရေးရာဦးစီးဌာနက ဒီကနေ့ ဇွန်လ ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ (ILC)ရဲ့ (၁၁၄) ကြိမ်မြောက် အစည်းအဝေးမှာ ဇွန်လ ၆ ရက်က စပြီး “မြန်မာနိုင်ငံဆိုင် ရာ အထူးအစည်းအဝေး” တစ်ရပ်ကို ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေ အပေါ် အနီးကပ်စောင့်ကြည့် အရေးယူမယ့် ဆုံး ဖြတ်ချက်တွေ ကို အတည်ပြုခဲ့တာလို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေအတွက် အရေးယူရန် ILO ဖွဲ့စည်းပုံ အပိုဒ်-၃၃ (Article 33) ကို ထိရောက်စွာ အကောင် အထည်ဖော်မယ့် “လုပ်ငန်းကော်မတီပါဝင်သော စောင့်ကြည့်ရေးယန္တရား” (Monitoring Mechanism) တစ်ရပ် တည်ထောင်ဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် CTUM က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဒီဆုံး ဖြတ်ချက်သာ အရေးမကြီးဘူးဆိုရင် – ရုရှား၊တရုတ်၊ဘလာရု အာဏာရှင်နိုင်ငံ အစိုးရတွေက ကန့်ကွက်မှာမဟုတ်ပါဘူး။အခု ဒီအာဏာရှင်တွေက ဒီဆုံးဖြတ်ချက်ကို သဘောမတူကြောင်းနဲ့ အားလုံးသဘောတူ ဆုံးဖြတ်ချက်မှာ သူတို့ မပါဝင်နိုင်ကြောင်းကို မှတ်တမ်းတင်ခိုင်းပါတယ်”လို့ ညီလာခံကို တက်ရောက်ခဲ့တဲ့ CTUM တာ၀န်ရှိသူက ပြောပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ ချိုးဖောက်မှုတွေကို လျှို့ဝှက်စွာ၊ ယုံကြည်စိတ်ချရစွာ မှတ်တမ်းတင်စုဆောင်းနိုင်ရေး၊ ပွင့်လင်းမြင်သာတဲ့ အစီရင်ခံတင်ပြမှုတွေ ပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ထားရှိပြီး ILO ဖွဲ့စည်းပုံ အပိုဒ် ၃၃ (Article 33 Resolution) ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။

ညီလာခံဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ လွှတ်တော်ကို တရားဝင်မှုရရှိရန် ကြိုးပမ်းပေးနေတဲ့ ကုန်သည်ကြီးများအသင်း UMFCCI ကိုယ်စားလှယ် တက်ရောက်ခဲ့ပြီး စောင့်ကြည့်ရေးယန္တရားကို အရေးယူမှုမပါဘဲ “သတင်းအချက်အလက် ကောက်ယူရုံ” အဆင့် ဖြစ်စေဖို့ တင်ပြဆွေးနွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

အခု အထူးအစည်းအဝေးမှာ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ စည်းရုံးခွင့်ကာကွယ်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (အမှတ် ၈၇)နဲ့ အဓမ္မလုပ်အားပေးခိုင်းစေမှုဆိုင်ရာ ကွန်ဗင်းရှင်း အမှတ် (၂၉) တို့ကို စစ်ကောင်စီက လိုက်နာခြင်းမရှိဘဲ ပြင်းထန်စွာ ချိုးဖောက်နေမှုတွေ အပေါ် အဓိကထား ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီး ၅နှစ်တာကာလအတွင်း အရပ်ဘက်လွတ်လပ်ခွင့်တွေ ပျက်စီး ယိုယွင်းလာမှု၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ အပေါ် အကြမ်းဖက်မှု၊မတရားဖမ်းဆီး ညှဉ်းပန်းခြိမ်းခြောက်မှုတွေအတွက် နက်ရှိုင်းတဲ့စိုးရိမ်မှုအဖြစ် ညီလာခံကော်မတီက မှတ်ချက်ပြုပါတယ်။

ကလေးငယ်တွေကို အဓမ္မစစ်မှုထမ်းစုဆောင်းတာနဲ့ တခြားအဓမ္မလုပ်အားပေးခိုင်းစေမှုပုံစံတွေ အပါအဝင် စစ်တပ်က အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ဆက်လက်အသုံးပြုနေတာကိုလည်း ရှုတ်ချခဲ့ပါတယ်။

မြန်မာစစ်တပ်အာဏာပိုင်တွေအနေ နဲ့ ILO စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြုချက်တွေ အပေါ် ဘယ်လို အကောင်အထည်ဖော် ဆောင်ရွက်ထားတယ်ဆိုတဲ့အချက် အလက် အပြည့်အစုံ ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့ ထက်နောက်မကျစေဘဲ ILO ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

အဲဒီတင်ပြချက်တွေ အပါအ၀င် လာမယ့် ၂၀၂၆ နိုဝင်ဘာလ မှာ ကျင်းပမယ့် (၃၅၈) ကြိမ်မြောက် ILO အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးမှာ မြန်မာ့အရေးဆွေးနွေးမယ်လို့ သိရပါတယ်။

အလုပ်သမားပြည်သူတွေကို တရားဖမ်းဆီးသတ်ဖြတ်တာ၊လုပ်ငန်းခွင်မှခြိမ်းခြောက်တာ နဲ့ စစ်မှုမထမ်းမနေရဥပဒေပြဌာန်းပြီးစစ်သားသစ်စုဆောင်းတာနဲ့ အလုပ်သမားအဖွဲ့အစည်းတွေကို မတရားအသင်းကြေညာခဲ့တာအပါအဝင် ဖိနှိပ်အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တဲ့အာဏာသိမ်းစစ်အုပ်စုကြောင့် ကုလသမဂ္ဂ (UN)လက်အောက်ခံအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILOက Article 33 ( ပုဒ်မ ၃၃) နဲ့ ၂၀၂၅ ဇွန်လမှာ အရေးယူခဲ့ပါတယ်။

ပုဒ်မ ၃၃ အရ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လေယာဥ်ဆီရောင်းတာ၊လက်နက်ပစ္စည်းတွေရောင်းတာနောက် နည်းပညာပိုင်းဆိုင်ရာအကူအညီပေးတာ၊နိုင်ငံတကာ ရန်ပုံငွေစီးဆင်းမှုနဲ့ ဘယ်လိုဆက်ဆံရေးကိုမဆို ILO အဖွဲ့ နိုင်ငံတိုင်းက ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။