Connect with us

Hi, what are you looking for?

News

ဒီချုပ် ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့ဝင်တစ်ဦး ရှေ့တန်းတစ်နေရာတွင် ကျဆုံး

စောဗညားနှင့် ရင်းနှီးသည့် မိတ်ဆွေရဲဘော်များ၏ အဆိုအရ ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ၎င်းတို့တပ်ခွဲအား လေးကေ့ကော်တိုက်ပွဲသို့ စစ်ကူလွှတ်ခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သည့် စောဗညား(ခ)ဗညားသည် စစ်မြေပြင် ရှေ့တန်းတစ်နေရာ၌ ကျဆုံးသွားကြောင်း ၎င်း၏ရဲဘော်ရဲဘက်များက အတည်ပြုသည်။

၎င်းသည် ဒီချုပ်ပါတီ ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းရေးမှူးဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေး၌ အကြမ်းမဖက်လမ်းစဥ်မှသည် လက်နက်ကိုင်ခုခံတော်လှန်ရေးအတွင်း ပါဝင်ခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၁၈)တွင် စစ်ပြေမြင်တစ်နေရာ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။

စောဗညားနှင့် ရင်းနှီးသည့် မိတ်ဆွေရဲဘော်များ၏ အဆိုအရ ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ၎င်းတို့တပ်ခွဲအား လေးကေ့ကော်တိုက်ပွဲသို့ စစ်ကူလွှတ်ခဲ့သည်။

သို့သော် စောဗညား မည်သည့်တိုက်ပွဲ၌ ကျဆုံးသွားသည်ဆိုခြင်းကို People’s Spring က သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်တွန်းလှန်ရင်း ရှေ့တန်းတစ်နေရာ၌ ကျဆုံးသွားသည့် စောဗညား(ခ)ဗညားသည် ရန်ကုန်မြို့ မဂ်လာဒုံမြို့နယ်မှ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန် CDM သဘင်ပညာရှင်တွေစုပေါင်းတင်ဆက်ခဲ့တဲ့ နှစ်ပါးသဘင်ပြည်တော်ဝင်‌ ဖျော်ဖြေပွဲက ရရှိခဲ့တဲ့ ဘတ် တစ်သန်းကျော် (မြန်မာငွေသိန်း ၁၃၀၀ကျော်) ကို လက်ခံရရှိကြောင်း P25103-Yangon Battalion က အသိပေးထားပါတယ်။

သတင်း

ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ် ၁ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။