အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့ဝင် လူငယ်တစ်ဦးဖြစ်သည့် စောဗညား(ခ)ဗညားသည် စစ်မြေပြင် ရှေ့တန်းတစ်နေရာ၌ ကျဆုံးသွားကြောင်း ၎င်း၏ရဲဘော်ရဲဘက်များက အတည်ပြုသည်။
၎င်းသည် ဒီချုပ်ပါတီ ရန်ကုန်တိုင်းလူငယ်လုပ်ငန်းအဖွဲ့၏ လုံခြုံရေးနှင့် စည်းကမ်းထိန်းရေးမှူးဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေး၌ အကြမ်းမဖက်လမ်းစဥ်မှသည် လက်နက်ကိုင်ခုခံတော်လှန်ရေးအတွင်း ပါဝင်ခဲ့ရာ ယနေ့ (ဒီဇင်ဘာ ၁၈)တွင် စစ်ပြေမြင်တစ်နေရာ၌ ကျဆုံးခဲ့ခြင်းဖြစ်သည်။
စောဗညားနှင့် ရင်းနှီးသည့် မိတ်ဆွေရဲဘော်များ၏ အဆိုအရ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ၎င်းတို့တပ်ခွဲအား လေးကေ့ကော်တိုက်ပွဲသို့ စစ်ကူလွှတ်ခဲ့သည်။
သို့သော် စောဗညား မည်သည့်တိုက်ပွဲ၌ ကျဆုံးသွားသည်ဆိုခြင်းကို People’s Spring က သီးခြားအတည် ပြုနိုင်ခြင်း မရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီတပ်များအား တိုက်ခိုက်တွန်းလှန်ရင်း ရှေ့တန်းတစ်နေရာ၌ ကျဆုံးသွားသည့် စောဗညား(ခ)ဗညားသည် ရန်ကုန်မြို့ မဂ်လာဒုံမြို့နယ်မှ ဖြစ်သည်။