Connect with us

Hi, what are you looking for?

သတင်း

ကောင်းတပ်ရွာပေါက်ကွဲမှုပြန်လည်ထူထောင်ရေးအတွက် ၀တပ်ဖွဲ့က ကျပ်သိန်း ၆၀၀၀ လှူဒါန်း

မွန်တပ် RMA၊ မိုင်းလားတပ် NDAAတို့လည်း လှူဒါန်း

ဓာတ်ပုံ - Nyi Rang

ဇွန်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ချမ်းမြို့ ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ၀တပ်ဖွဲ့(UWSA)က ကျပ်သိန်း ၆၀၀၀ လှူဒါန်းခဲ့ကြောင်း UWSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက အသိပေးထားပါတယ်။

ကောင်းတပ်ရွာပေါက်ကွဲမှုအတွက် UWSA လားရှိုးဆက်ဆံရေးရုံးက ကနဦး ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့ပြီး ဇွန် ၁၂ရက်မှာ UWSA တပ်ဖွဲ့က ကျပ်သိန်း ၆၀၀၀ ထပ်မံလှူဒါန်းလာတာဖြစ်ပါတယ်။

ဦးညီရန်း ဖော်ပြခဲ့တဲ့ ကောင်းတပ်ရွာသွားရောက် လှူဒါန်းမှု မှတ်တမ်းဓာတ်ပုံတွေမှာ အလှူငွေပေးအပ်လှူဒါန်းမှု၊ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းနဲ့ ဦးညီရန်းတို့ ပါဝင်တဲ့ အဖွဲ့က ဒေသခံတွေနဲ့ တွေ့ဆုံခဲ့မှုတွေကို တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

၀တပ်ဖွဲ့နည်းတူ မွန်ပြည်သစ်ပါတီ မွန်ပြည်သစ်ပါတီ – စစ်အာဏာရှင်တိုက်ဖျတ်ရေး/ရာမညမွန်တပ်တော် (MNSP – AD)/RMA) ကလည်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တာကို ကောင်းတပ်ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံ ပြည်သူများ ပြန်ထူထောင်ရေးနဲ့ ဆေးကုသမှု လုပ်ငန်းတွေအဆင်ပြေစွာ လုပ်ဆောင်နိုင်ဖို့ မိုင်းလားတပ်ဖွဲ့ (NDAA)ရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ(၄)၊ မိုင်းလားကျန်းမာရေးကော်မတီက တရုတ်ယွမ်ငွေ(၄)သိန်းကျော် တန်ဖိုးရှိဆေးဝါးများအား လှူဒါန်းပေးအပ်ခဲ့ဟု ကော်မတီက အသိပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ အာရက္ခတပ်တော်(AA) တို့ကလည်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့သလို ပြည်တွင်း ပြည်ပ အလှူရှင်စေတနာရှင်တွေကလည်း တဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ စုပေါင်း၍ ဖြစ်စေ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။

ကောင်းတပ်ရွာရှိ TNLAရဲ့ ယမ်းသိုလှောင်ရုံဟာ မေလ ၃၁ရက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ပေါက်ကွဲမှုကြောင့် ပြည်သူ ၅၀ ဦး ဝန်းကျင်သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အအုံအများအပြား ပျက်စီးခဲ့ပါတယ်။

ပေါက်ကွဲမှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးမယ်လို့ TNLAက ထုတ်ပြန်ထားပြီး နှစ်ပတ်နီးပါး ကြာတဲ့အထိ အသေးစိတ် အချက်အလက်တွေ ထပ်မံ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။