Connect with us

Hi, what are you looking for?

သတင်း

မြ၀တီမြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေဖမ်းဆီးပြီး မြို့ပြင်ထုတ်နယ်နှင်ဒဏ်ပေး

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

(မြဝတီမြို့မှာ တောင်းရမ်းသူတွေကို စစ်အုပ်စုက ဖမ်းဆီးပြီးမြို့အပြင်ထုတ်နေစဉ်။ ဓာတ်ပုံ - CJ)

ဇွန် -၁၂၊၂၀၂၆။မိုမို/People’s Spring

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲ၊စည်ပင်သာယာနဲ့ ထွေအုပ်ပါဝင်တဲ့ အဖွဲ့စုံက တောင်းရမ်းသူ တွေကို ဇွန်လ ၁၀ရက်ကစပြီး ပိုက်စိပ်တိုက်ဖမ်းဆီးနေတဲ့အပေါ် မြို့ခံတွေက ဝေဖန်ပါတယ်။

“အုပ်စုလိုက်ကြီး ဖမ်းကြတာ။သေနတ်ကိုင်ထားတဲ့သူတွေတောင် ပါတယ်။သူတို့ အလုပ်ကို လုလို့ ဖမ်းခံရတာ “လို့ မြ၀တီဒေသခံတစ်ဦးက စစ်တပ်အာဏာပိုင်တွေရဲ့လုပ်ရပ်ကို လှောင်ပြောင်ပြောဆိုပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ-ထိုင်းနယ်စပ်က မြဝတီမြို့သာယာလှပသန့် ရှင်းဖို့အတွက်ဟုဆိုကာ မီးပွိုင့်နဲ့ လမ်းဆုံလမ်းခွနေရာက တောင်းရမ်းသူတွေကို ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူတွေဟာ မြ၀တီမြို့က မဟုတ်ဘူးလို့ စစ်တပ်ဝါဒဖြန့်သူတွေက ဆိုပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၁၀ ဦး၀န်းကျင်ဟာ စစ်ကိုင်းနဲ့ မော်လမြိုင်မြို့တွေကို နယ်နှင်ဒဏ်ပေးခံခဲ့ရပြီး နောက်တစ်ကြိမ်မြ၀တီမြို့ကို ပြန်လာတောင်းရမ်းခဲ့ရင် အရေးယူခံရမယ်လို့လည်း စစ်တပ်အာဏာပိုင်တွေက ခံ၀န်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်သူတွေက ရိုးရိုးသားသားတောင်းစားနေကြတာပါ။အလုပ်မရှိရင် အလုပ်ရှာပေးရမဲ့ တာဝန်ဘယ်သူ့မှာတာဝန်အရှိဆုံးလည်း။ သက်ကြီးရွယ်အိုတွေလေ။သူ တို့က မခိုးမစားဘူး နိုင်ငံတော်ပစ္စည်းလည်း

မခိုးဘူး။တောင်းလည်မတောင်းခဲ့ဘူး။ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ လုပ်ရပ်မျိုး အကျင့်

မျိုးတွေ ရှိနေသ၍ ပြည်သူတွေ မှာတော ဒုက္ခတွေ့ကြကြုံကြရအုံးမယ်”လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

မြဝတီမြို့တောင်ဘက်မှာ လက်တလော တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။ မြို့တောင်ဘက်က စစ်တပ်ရဲ့ ဝေါ်လေဗျူဟာတပ်စခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

ဖြစ်ပွားနေဆဲ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ သဘာ၀ဘေးတွေကြောင့် မြန်မာနိုင်ငံမှာနေရပ်စွန့်ခွာရွှေ့ပြောင်းရသူ လေးသန်းထက်မနည်းရှိနေပြီး လူသားချင်စာနာထောက်ထားမှု အရေးပေါ်အကူအညီလိုအပ်သူက သန်း ၂၀ နီးပါးရှိနေတယ်လို့ ကုလအဖွဲ့အစည်တွေက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုအပြီး အလုပ်အကိုင် ရှားပါးလာတာ၊ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာ အပါအ၀င် ဆင်းရဲချမ်းသားကွာဟချက်မြင့်မားလာပြီး ငါးနှစ်အတွင်း အာရှနိုင်ငံတွေထဲ အဆင်းရဲ‌ဆုံးသုံးနိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံပါ၀င်လာတယ်လို့ နိုင်ငံတကာ စီးပွားရေးစစ်တမ်းတွေက ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

Facebook