Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းကာလ မြန်မာနိုင်ငံအကြောင်း စာအုပ်ရေးခဲ့သူ အမေရိကန် နိုင်ငံသားကို စစ်တပ်ဖမ်းဆီး

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

(အ​မေရီကန်စီးပွား​ရေးလုပ်ငန်းရှင်အဒမ်ကက်စ်တီလို ကိုသူ​ရေးသားတဲ့ "Finding Our Voice" စာအုပ်နဲ့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-Adam Castillo's linkedln)

ဇွန်-၁၂၊၂၀၂၆။People’s Spring

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

အဲဒီအမေရိကန် စီးပွားရေးလုပ်ငန်းရှင်ဟာ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်ချိန် ဇွန်လ ၁၁ ရက်နေ့က အဖမ်းခံခဲ့ရတာလို့ ဖြစ်စဉ်နဲ့ နီးစပ်သူ နှစ်ဦးက Reuters သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ဥက္ကဋ္ဌဟောင်း အဒမ်ကက်စ်တီလိုဟာ ရန်ကုန်မှာ အခြေစိုက်ပြီး လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခုကို ထူထောင်ထားပါတယ်။သူဟာရန်ကုန်ကို ပြန်ရောက်လာချိန် လေဆိပ်မှာ အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ မြန်မာနိုင်ငံမှာ အမေရိကန်တစ်ဦး ထိန်းသိမ်းခံရတဲ့ ကိစ္စကိုသတင်းကြားထားကြောင်း၊ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ဆိုင်ရာကိစ္စတွေကြောင့် အသေးစိတ်ကိုတော့ မပြောလိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ကလည်း ကက်စ်တီလိုကို ဖမ်းဆီးမှု သတင်းအပေါ် ဘာမှ မထုတ်ပြန်သေးပါဘူး။

ကက်စ်တီလိုဟာ Finding Our Voiceဆိုတဲ့ သူ့ရဲ့စာအုပ်ကို အရောင်းမြှင့်တင်ဖို့ပြည်ပကို သွားရောက်နေခဲ့တာပါ။အဲဒီစာအုပ်ထဲမှာတော့ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှုအပြီး အရှုပ်အထွေးတွေထဲ ကျရောက်သွားတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ရေးသားထားပါတယ်။

မရိန်းတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ကက်စ်တီလိုဟာ မနှစ်တုန်းက အိမ်ဖြူတော်ဆီ သွားရောက်ခဲ့ပြီးအမေရိကန်အနေနဲ့ မြန်မာ့ ပြည်တွင်းစစ်မှာငြိမ်းချမ်းရေးပွဲစားအဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ မြေရှားသတ္တုသိုက်တွေ တူးဖော် ထုတ်လုပ်ခွင့်ရအောင် ကြိုးစားသင့်တယ်လို့ အမေရိကန်အစိုးရ အာဏာပိုင်တွေဆီအကြံပြုခဲ့ဖူးပါတယ်။

သူ့ရဲ့စာအုပ်ထဲမှာတော့ အာဏာသိမ်း စစ်တပ်က ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို ရက်ရက်စက်စက် ဖြိုခွင်းတဲ့ အကြောင်းတွေကို ဖော်ပြထားသလို အရေးယူ ပိတ်ဆို့မှုတွေ အပါအဝင်အမေရိကန်အစိုးရကမြန်မာနဲ့ ပတ်သက်ပြီးထိရောက်မှုမရှိတဲ့မူဝါဒတွေ ကျင့်သုံးနေတာကိုလည်း ဝေဖန်ထားပါတယ်။ အဲဒီအစား အမေရိကန်ဟာ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွေကို မြှင့်တင်သင့်ကြောင်း သူက တိုက်တွန်းထားပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။