Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ်က နေအိိမ်တွေအပြင် စေတီပုထိုးတွေပါ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

(ဆင်မြေရွာက ချမ်းသာကြီးဘုရား မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ချောင်းဦးသပိတ်)

ဇွန်-၁၂၊ ၂၀၂၆။ဟာနာဆန်၊People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၉ ရက်ကနေ ဇွန်လ ၁၁ ရက်အထိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ရာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“ဆင်မြေရွာလယ်က ချမ်းသာကြီးဘုရားစေတီပါ မီးထဲပါသွားပါပြီ။ တန်ခိုးကြီးဘုရား။ နှစ်စဉ်နှစ်ဆန်း ၁ရက်နေ့တိုင်း အစဉ်အလာ မိုးကောင်းမိုးရွာအောင် ဆုတောင်းပြုကြတဲ့ ဘုရားစေတီပါ မီးရှို့သွားကြတာ။ ငါးလုံးတင်က နှီးဘုရားကို မီးရှို့တာမှ ယုတ်ယုတ်မာမာ မီးရှို့သွားတာတဲ့။ နှီးဘုရားလက်တော် ဂျိုင်းအောက်ကို သေချာထည့်ရှို့သွားတာရယ်”လို့ ချောင်ဦးဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်မီးရှို့ဖျက်ဆီးမှုကြောင့် ငါးလုံးတင်ကျေးရွာက နေအိမ် ၂၈လုံး၊ မှန်ချိုရွာက နေအိမ် ၂၇ လုံးနဲ့ ဆင်မြေရွာက နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်တပ်ကတော့ ဆင်မြေရွာနဲ့ ငါးလုံးတင်ကျေးရွာက PDF တွေစခန်းသိမ်းနိုင်ခဲ့ပြီး PDF ရဲဘော် ၂ ဦးကျဆုံးတယ်လို့ ဝါဒဖြန့်နေပါတယ်။ဒါပေမယ့် တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပေမဲ့ အဆိုပါစခန်းတွေဟာ စခန်းဟောင်းတွေသာဖြစ်ပြီး PDF ၂ ဦးကျဆုံးရတာကလည်း အသေခံဒရုန်းတွေကြောင့်သာဖြစ်ကြောင်း၊ တိုက်ပွဲမှာ စစ်တပ်ကသာ အထိနာခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်တောင်ပိုင်းကို အာဏာသိမ်း စစ်တပ်က ဇွန်လ ၁ ရက်ကတည်းက စစ်ကြောင်းထိုးနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ပြုလုပ်နေတာကြောင့် ကျေးရွာ ၁၁ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။

ဇွန်လ ၅ ရက်ကလည်း ရှမ်းထူးကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၄ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် ကိုဝင်းကျော်ဆိုသူ အမျိုးသားတစ်ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

ဒါ့အပြင် ဆင်မြေရွာနဲ့ ငါးလုံးတင်ရွာမှာလည်း ပါရာမိုတာနဲ့ ဂွိုင်ရိုကော်ပတာတွေနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ့တွေရဲ့ နေအိမ်နဲ့ ဓါတ်ဆီဆိုင်တစ်ဆိုင် ပျက်စီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook