Connect with us

Hi, what are you looking for?

သတင်း

မြစ်ခြေမှာ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲပြီး စစ်ရှောင် ၁၀ ဦးခန့် ဖမ်းဆီးထား

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ခြေဒေသ ကျေးရွာတစ်ရွာ မီးလောင်နေတာကို မေလ တတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ-Kaung Lu / Facebook

ဇွန်-၁၃၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ဦးမြို့အ​ခြေစိုက်ခလရ (၄၁၅)တပ်ရင်းနဲ့ မြင်းမွေးမြူရေးတပ် (BPI)တပ်တို့ ပေါင်းပြီး ဇွန်လ ၁၀ ရက် ညနေက မြစ်ခြေမြို့အတွင်းကိုဝင်ရောက်တပ်စွဲခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ မြို့အတွင်းက နေရာ ၃နေရာမှာ တပ်စွဲထားပြီး စစ်ဘေးရှောင် ဒေသခံ ၁၀ဦးခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒီနေ့အထိ မြို့ထဲမှာရှိနေပါတယ်။လက်တလော စစ်ကြောင်းက ပခုက္ကူ-၁၀၁ကလည်း ပြန်ထွက်လာ တော့ ဒေသခံ တွေကတော့ အကုန် ရှောင် နေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မြစ်ခြေမြို့ကို မေလ ၁၁ရက်ကနေ ၃၀ ရက်အထိ စစ်တပ်က တပ်စွဲပြီး အမျိုးသမီးတွေ အပါအဝင် ဒေသခံတွေ သတ်ဖြတ်ကာ နေအိမ် ၁၂၀၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ပခုက္ကူမြို့ အ​ခြေစိုက် တပ်မ (၁၀၁)လက်​အောက်ခံတပ်ရင်း​တွေနဲ့ ညောင်ဦးအ​ခြေစိုက်ခလရ (၄၁၅)က စစ်သား တွေ၊စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ၊ရဲ​တွေ ပူးပေါင်းပြီး​တော့ အင်အားရာချီပါတဲ့စစ်တပ်စစ်ကြောင်းဟာ မြစ်ခြေမြို့ကို ​မေလဒုတိယပါတ်မှာဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ စစ်တပ်က​မြစ်​​ခြေမြို့က ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်တာမှာ ဇွန် ၉ ရက်အထိရုပ်အ​လောင်း ၃၇ ​လောင်းရှာ​ဖွေ​တွေ့ရှိပြီး ​ပျောက်ဆုံး​နေသူ ၅ ဦးရှိ​သေးတယ်လို့ ရှာ​ဖွေကယ်ဆယ်​ရေး၊နယ်​မြေရှင်းလင်း​ရေးလုပ်​နေသူ​တွေက ​ပြောပါတယ်။ စစ်တပ်စစ်​ကြောင်း​တွေက မြစ်​ခြေမြို့ကို ဖျက်ဆီးပြီး ဇွန်လဆန်းမှာပြန်ဆုတ်သွားတာဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လ ၁၀ ရက်မှာ တော်လှန်ရေးတပ်တွေက မြစ်ခြေရဲစခန်းကို သိမ်းယူလိုက်ပြီး သုံ့ပန်းတွေကိုပါ ဖမ်းဆီးခဲ့ပါတယ်။

ဒေသခံပြည်သူ ၂၀ကျော်ရက်ရက်စက်စက်သတ်ဖြတ်ပြီး နေအိမ် ၁၀၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့တဲ့ ပခုက္ကူမြို့နယ် မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပခုက္ကူခရိုင် စစ်ဌာနရဲ့ဦးဆောင်ကွပ်ကဲမှုနဲ့ ဇွန်လ ၁၀ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ပါတယ်။

ရဲစခန်းသိမ်းယူခံလိုက်ရပြီးတဲ့နောက် အင်အား၁၀၀ခန့်နဲ့ စစ်တပ်က မြို့ထဲကို ထပ်မံတပ်စွဲထားတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။