Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်အထိုင်ချပြီး ပြည်သူတွေ ဖမ်းဆီးငွေညစ်နေ

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဇွန်-၁၄ ၊၂၀၂၆။မိုမို/People’s Spring

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ် ၂စီးကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇွန်လ ၇ရက်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စစ်တပ်က ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် တိုက်ခိုက်ခံရတဲ့နေရာနဲ့ အနီးဆုံးမှာရှိတဲ့ တောပုပြည်သူ့စစ်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က အထိုင်စခန်းချလိုက်တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေကို ငွေညစ် ဖမ်းဆီးရေးတွေ လုပ်နေတာပါဘဲဗျ။အင်အား ၂၀ ကျော် ၃၀ လောက်ရှိတယ်။အများပြည်သူ သွားလာလူပ်ရှားနေတဲ့ လမ်းပိုင်းမှာ သူတို့ကကားတွေကို ပိုက်ဆံကောက်တယ် ဖမ်းဆီးတယ်”လို့ မုံရွာအခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့ကြောင့် အရပ်သားပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို မဖြစ်မနေအသုံးပြုရပါက သတိပြုနေထိုင်ဖို့ သူကတိုက်တွန်းပါတယ်။

“မုံရွာ မြို့အထွက်ကနေ ချောင်းဦးနေရာ အစပ်ထိဆိုရင် ဂိတ်လေးခုရှိသွားတာပေါ့။ဂိတ်အကုန်လုံးက ငွေကောက်တယ်။မထင်ရင် မထင်သလို လူငယ်အမျိုးသားတွေကို ဖမ်းတာရှိတယ်”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင်လက်ရှိမှာ စစ်တပ်က မုံရွာမြို့အ‌ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ ချောင်းဦးမြို့ပေါ်ကို အင်အားဖြည့်ပြီး စစ်ကြောင်းထိုးနေတာရှိပါတယ်။

အခုဇွန်လ ၄ ရက်ကနေ ၉ ရက်အထိ ချောင်းဦးမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၆ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဆင်မြေကျေးရွာက နေအိမ် ၁၀၀ကျော်၊ မှန်ချိုရွာက နေအိမ်၂၅လုံးနဲ့ ငါးလုံးတင်ရွာက နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါတယ်။အဲဒီစစ်ကြောင်းဟာ ချောင်းဦးမြို့အတွင်း ပြန်လည်ဝင်ရောက်အထိုင်ချထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။