Connect with us

Hi, what are you looking for?

အတွေးအမြင်

နယ်ပိုင်ကြီးထိုင်ခုံကို ကိုင်လှုပ်သွားခဲ့တဲ့ မွေးနေ့ကိတ်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

(စစ်တပ်လက်​​အောက်ခံ​ထွေအုပ်ဦး​ဇော်မိုး​​က ဇနီးဖြစ်သူအတွက် ​​​ကျပ်သိန်း၁၀၀ ထည့်ထားတဲ့​မွေး​နေ့ ကိတ်စီစဥ်​ပေးရာ ၊ဇနီးဖြစ်သူကကိတ်ခွဲ​နေစဥ်။ဓါတ်ပုံ-Tiktok screen grab)

ကိုကြာရိုး/People’s Spring

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

ပြီးခဲ့တဲ့နှစ်ဆန်း ဇန်နဝါရီလထဲမှာ နယ်ပိုင်ကြီးဟာ သူ့မိန်းမရဲ့မွေးနေ့အတွက် ပြင်ဆင်နေခဲ့တယ်။ နယ်ပိုင်ကြီးကသူ့မိန်းမကိုခု​ခေတ်စားနေတဲ့ Suprise Gift လေးတစ်ခုလည်း ပေးချင်စိတ်ပေါ်ပုံရပါတယ်။ ဒါနဲ့ ရုံးထဲမှာပဲ မိသားစုဝင်တွေကိုခေါ်၊ ရုံးသူရုံးသားတွေနဲ့ မွေးနေ့ကိတ်လေးတစ်ခု မိန်းမအတွက် နယ်ပိုင်ကြီး စီစဥ်ပေးလိုက်တယ်။

(စစ်တပ်လက်​​အောက်ခံ​ထွေအုပ်ဦး​ဇော်မိုး​​က ဇနီးဖြစ်သူအတွက် ​​​ကျပ်သိန်း၁၀၀ ထည့်ထားတဲ့​မွေး​နေ့ ကိတ်စီစဥ်​ပေးရာ ၊ဇနီးဖြစ်သူကကိတ်ခွဲ​နေစဥ်။ဓါတ်ပုံ-Tiktok screen grab)

မွေးနေ့ရောက်တော့ရုံးထဲမှာနယ်ပိုင်ကြီးကတော်ဟာ မျက်မှန်လေးကို ခေါင်းပေါ်တင်ရင်း မွေးနေ့ကိတ်က​လေးကို အသာအယာခွဲပါတယ်။ မျက်နှာမှာလည်း ကြည်နူးမှုတွေ ပြည့်လျှံနေခဲ့တယ်။ သူ့ဘေးမှာတော့ ဆံပင်ကေတိုနဲ့ အရောင်ရင့် ပြောက်ကျားဂျာကင်အစိမ်းဝတ်ထားတဲ့ နယ်ပိုင်ကြီး ဦးဇော်မိုးဟာ နောက်ဖြစ်လာမယ့် ပြဿနာတွေကို မသိသေးဘဲ မိန့်မိန့်ကြီး ပြုံးနေခဲ့တယ်။ ဘေးနားမှာလည်း သူ့သမီးတွေဖြစ်ပုံရတဲ့ကလေးမလေးတွေကလည်း ပြုံးပျော်လို့ပါ။ ရုံးဝန်ထမ်းအမျိုးသမီးကလေးတွေကတော့ အားကျစိတ်နဲ့ ဝိုင်းကြည့်နေခဲ့ကြတယ်။

Public Service Announcement

Public Service Announcement

နယ်ပိုင်ကြီးကတော် ကိတ်ကိုစခွဲပါပြီ။ ကိတ်ကို ဓါးနဲ့လှီးပြီး ပန်းကန်တစ်ချပ်ထဲ ထည့်ပေးလိုက်တယ်။ နောက်ထပ်ကိတ်လေးတွေခွဲခွဲပြီး ပန်းကန်ပြားတွေထဲ ထည့်ပေးတယ်။ နောက်ထပ် ထပ်ခွဲမယ်အလုပ် ကိတ်ကမာနေလို့စမ်းကြည့်လိုက်တော့ငွေထုပ်ဖြစ်နေတယ်။ ငွေထုပ်ကို ဘေးကိုချလိုက်တယ်။ နောက်ထပ်လည်း ငွေထုပ် ထပ်တွေ့ပြန်ရော။ နယ်ပိုင်ကြီးကတော်ဟာ ပြုံးတော့ပြုံးနေခဲ့တယ်။

နယ်ပိုင်ကြီးဟာ သူ့မိန်းမအတွက် ကိတ်ထဲမှာ စပရိုက်အဖြစ် တစ်သောင်းတန်အုပ် ဆယ်အုပ်တိတိ စုစုပေါင်း ငွေကျပ်သိန်းတစ်ရာကို ထည့်ပေးခဲ့တာပါ။ သိန်းတစ်ရာ စပရိုက်ရခဲ့ပေမဲ့ နယ်ပိုင်ကြီးကတော် သိပ်အံ့သြသွားပုံတော့ မရဘူး။

တကယ်တော့ နယ်ပိုင်ကြီးရဲ့တရားဝင်လစာဟာ ကျပ်လေးသိန်းဝန်းကျင်သာ ရှိပါတယ်။ ဒီလိုစပရိုက်သိန်းတစ်ရာကြီးတောင် ထည့်ပေးဖို့အတွက် နယ်ပိုင်ကြီးဟာ သူ့လစာ တစ်နှစ်လုံးစုတောင်မှ သိန်းငါးဆယ်မပြည့်ပါဘူး။ နှစ်နှစ်လောက်စုကာမှ သိန်းတစ်ရာနီးနီးရမှာပါ။ သူ့ယောကျာ်းနယ်ပိုင်ကြီး ဘယ်လောက်တောင်ခြိုးခြံချွေတာပြီး စုဆောင်းခဲ့ရသလဲမသိ။ အစားအသောက်တွေအငတ်ခံပြီးများ စုခဲ့ရသလား။ နယ်ပိုင်ကြီးက အငတ်တော့ခံပုံမပေါ်။ ဝဝဖြိုးဖြိုးပါပဲ။

အာဏာသိမ်း စစ်တပ်လက်​အောက်မှာအဆင့်ဆင့်​​သော ဝန်ထမ်း​တွေအတွက်လာဘ်စားမှုဆိုတာက ​နေ့တဓူဝအလုပ်ပါ။ အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင်ကစပြီး ဂိတ်​စောင့်စစ်သားအထိ့ ၊အရပ်ဘက်မှာဆိုရင်လည်း ​အောက်​ခြေဝန်ထမ်းအထိ နိုင်ငံဘဏ္ဍာ​ငွေ​တွေ ၊ပြည်သူ​တွေဆီက ​ငွေ​တွေကို ပုံစံမျိုးစုံနဲ့လာဘ်ယူကြတာက ပုံမှန်လိုကိုဖြစ်​နေပါတယ် ။

လာဘ်စားလို့ ​အ​ရေးယူ​ကြေးဆိုရင်​တော့ မင်း​အောင်လှိုင်သား ​အောင်ပြည့်စုံ နဲ့ သမီး ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှု​တွေကို စစ်​ဆေးပြီး အဂတိမှုနဲ့ သာအ​ရေးယူမယ်ဆိုရင် မင်း​အောင်လှိုင် ရဲ့ ဒီတစ်သက် မ​ပြောနဲ့ ဆယ်သက်​လောက် ​​အသာ​လေး​ထောင်ချရတဲ့အ​ခြေအ​နေဖြစ်ပါတယ် ။

အာဏာသိမ်း​ခေါင်း​ဆောင်​တွေဟာ သူတို့သာလာဘ်စားမယ် ၊ခိုးမယ် လက်​အောက်ငယ်သား​တွေခိုးတာ လူမိရင်​တော့ အဂတိတိုက်ဖျက်​နေသ​​ယောင် ဟန်​ရေးပြ အ​ရေးယူပြ​လေ့ရှိပါတယ် ။

ဦး​ဇော်မိုးကိစ္စလည်းအလားတူပါပဲ ။မွေးနေ့လွန်လို့ ခြောက်လတောင်မြောက်ခဲ့ပြီ။ သူတို့စပရိုက်ဗွီဒီယိုကို Tiktok မှာ တပည့်က​လေးတစ်ယောက် တင်ခဲ့တာ ခုမှ ထပေါက်လေပြီ။ မိန်းမကို ချစ်တတ်သူလေသူကြီးဆိုပြီး နယ်ပိုင်ကြီး သတင်းမွှေးလေပြီ။ သိပ်မကြာ နယ်ပိုင်ကြီးအိမ်တော် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကြတယ်။ အရင်းစစ်လိုက်တော့ မိန်းမမွေးနေ့မှာ မွေးနေ့ကိတ်ထဲ သိန်း ၁၀၀ ထည့် စပရိုက်လုပ်ခဲ့တဲ့ကိစ္စတဲ့။

(စစ်တပ်လက်​​အောက်ခံ​ထွေအုပ်ဦး​ဇော်မိုး​​က ဇနီးဖြစ်သူအတွက် ​​​ကျပ်သိန်း၁၀၀ ထည့်ထားတဲ့​မွေး​နေ့ ကိတ်စီစဥ်​ပေးရာ ၊ဇနီးဖြစ်သူကကိတ်ခွဲ​နေစဥ်။ဓါတ်ပုံ-Tiktok screen grab)

ခုတော့ ချစ်တတ်လွန်းသူ နယ်ပိုင်ကြီးတစ်ယောက် စုံခုံဖွဲ့ စစ်ဆေးခံနေပါသတဲ့။ သူတို့ထွေအုပ်တွေလည်း ကံတွေနိမ့်နေတယ်နဲ့တူပါရဲ့။ ပြီးခဲ့တဲ့ မေလတုန်းကလည်း ပြင်ဦးလွင်က သူ့လိုပဲ နယ်ပိုင်ကြီး(မြို့နယ်အုပ်ချုပ်ရေးမှူး)တစ်ယောက် ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့ ရာထူးတိုးပါလေရော။ သူလည်း ပျော်ရှာမှာပေါ့။ သူ့ကို နှုတ်ဆက်ပွဲလုပ်ပေးရော။ သူလည်း အပျော်လွန်ပြီး သူအနှစ်နှစ်အလလက ခြစ်ကုတ်စုဆောင်းသိမ်းဆည်းထားတဲ့ငွေကျပ်သိန်း ၇၀ ကို ကြဲချပစ်လိုက်တာ။ နေပြည်တော်သွားမယ့်လမ်း၊ ရွှေလမ်းငွေလမ်း ခင်းလိုက်တဲ့သဘောပေါ့။

သူ ငွေသိန်း ၇၀ ကြဲလိုက်တာ တစ်တော့မှာလည်း တက်တော့တာပေါ့။ မကြာပါဘူး။ သူလည်း ဦးဇော်မိုးလိုပဲ စစ်ဆေးခံနေရသတဲ့။

လာဘ်စားလို့ အ​ရေးယူ​​ကြေးဆိုရင်​တော့လက်ရှိ​ပေး​နေတဲ့လစာ ၊ လက်ရှိကုန်​ဈေးနှုန်း ၊ စစ်တပ်လက်​အောက်က ဝန်ထမ်း​တွေ၊အရာရှိ​တွေရဲ့ ​​​နေစဥ်သုံစွဲ​နေတာ​​တွေနဲ့ ပိုင်ဆိုင်မှု​တွေကိုသာ စာရင်းစစ်လိုက်ရင် နိုင်ငံ့ဘဏဏ္ဍာ​တွေဘယ်လိုခိုး​နေကြလဲ ၊ပြည်သူ​တွေကို ဘယ်လို အနိုင်ကျင့် ဂုတ်​သွေးစုပ်​နေကြလဲ ဆိုတာ အုံလိုက်ကျင်းလိုက်​ပေါ်လာမှာ ဖြစ်ပါတယ် ။ ပြီးရင်​တော့ လာဘ်စားသူ​တွေ​ထောင်ချ​ဖို့ ​နေပြည်​တော်ထက်ကြီးပြီးကျယ်တဲ့ ​ထောင်​တွေထပ်​ဆောက်ဖို့လိုလာမှာဖြစ်တယ်။

အဲလိုမဟုတ်ပဲ စစ်အုပ်စုက ခိုး​တော့ခိုး ၊ တစ်​တော့မှာဟိုး​လေးတ​ကျော်​ကျော်ဖြစ်ရင်​တော့ ခံဆိုတဲ့မူနဲ့သွားရင်​တော့ ​​ဇော်မိုးလိုလူ​တွေကွက်ကြားမိုးရွာခံရမှာဖြစ်ပါတယ်။လက်ရှိ​တော့အဲဒီမူနဲပဲ ကိတ်မုန့်အခွဲကောင်း၊ ပိုက်ဆံအကြဲကောင်းလိုက်ကြတဲ့နယ်ပိုင်ကြီးတွေ သူတို့ကိုယ်တိုင် စပရိုက်ဖြစ်သွားကြပါသတဲ့။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ မိုးကြီးပြီး လူထိခိုက်သေဆုံးစေတဲ့အထိ မြေပြိုမှုတွေစတင်ကြုံတွေ့လာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။