Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဂန့်ဂေါက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံး၊ သေနတ် ၅လက် သိမ်းရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပကဖ)

ဇွန်-၁၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရှောက် ပင်ရွာ စခန်းဂိတ်ကို ဇွန်လ ၈ ရက် နဲ့ ၁၃ရက်တွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရှောင်ပင်ရွာမှာ စစ်တပ်ကာကင်းတွေရော ဘာကာတွေရော ၁၅ ခုလောက်ရှိတယ်။ဘုန်ကြီးကျောင်း၊ဆေးပေးခန်း၊စာသင်ကျောင်းနဲ့ ရွာတောင်ဘက်ခြမ်းက ကုန်းမြင့်တွေမှာ ထိုင်ထားတာ။အင်အားကလည်း ၃၀ နဲ့ ၅၀ ကြားအနည်းဆုံးပဲ။မြို့ရှောင်လမ်းအတွက် အရေးကြီးတဲ့ ရွာတစ်ခု ဖြစ်တယ်”လို့ ဂန့်ဂေါမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်တပ်က ၃ဦး သေဆုံးခဲ့ပြီး BA-100 သေနတ် ၁လက်၊ MA-1 သေနတ် ၃လက်နဲ့ MA-11 သေနတ် ၁ လက် ၊ ကျည်တွေသိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါ ပကဖ က အသိပေးပါတယ်။

“တိုက်ခိုက်မှုအပြီး ခုချိန်ထိတော့ စစ်တပ်လှုပ်ရှားမှု မကြားရသေးဘူး။ရွာထဲမှာတော့ အင်းအားက ခန့်မှန်းရခက်ပါတယ်ဗျ မြို့နှင့်ထိစပ်ရွာဖြစ်နေတဲ့အတွက် ထွက်လိုက်ဝင်လိုက်ပါ”လို့ ဂန့်ဂေါပကဖ တာ၀န်ရှိသူက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ် (၅၀) ခြေလျင်တပ်ရင်း (ခလရ−၅၀)တပ်သားတွေ အထိုင်ချထားတဲ့ ရှောက်ပင်ရွာဟာ ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်ပဲဝေးပြီး စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့တာလို့ သိရပါတယ်။

ရှောက်ပင်ကျေးရွာတပ်စွဲပြီးနောက်ပိုင်း ဂန့်ဂေါမြို့တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။