Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အဖြစ် ဂန့်ဂေါက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံး၊ သေနတ် ၅လက် သိမ်းရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

(တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - ဂန့်ဂေါမြို့နယ် ပကဖ)

ဇွန်-၁၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ မတရားဖမ်းဆီးမှုခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရှောက် ပင်ရွာ စခန်းဂိတ်ကို ဇွန်လ ၈ ရက် နဲ့ ၁၃ရက်တွေမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ရှောင်ပင်ရွာမှာ စစ်တပ်ကာကင်းတွေရော ဘာကာတွေရော ၁၅ ခုလောက်ရှိတယ်။ဘုန်ကြီးကျောင်း၊ဆေးပေးခန်း၊စာသင်ကျောင်းနဲ့ ရွာတောင်ဘက်ခြမ်းက ကုန်းမြင့်တွေမှာ ထိုင်ထားတာ။အင်အားကလည်း ၃၀ နဲ့ ၅၀ ကြားအနည်းဆုံးပဲ။မြို့ရှောင်လမ်းအတွက် အရေးကြီးတဲ့ ရွာတစ်ခု ဖြစ်တယ်”လို့ ဂန့်ဂေါမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်တပ်က ၃ဦး သေဆုံးခဲ့ပြီး BA-100 သေနတ် ၁လက်၊ MA-1 သေနတ် ၃လက်နဲ့ MA-11 သေနတ် ၁ လက် ၊ ကျည်တွေသိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါ ပကဖ က အသိပေးပါတယ်။

“တိုက်ခိုက်မှုအပြီး ခုချိန်ထိတော့ စစ်တပ်လှုပ်ရှားမှု မကြားရသေးဘူး။ရွာထဲမှာတော့ အင်းအားက ခန့်မှန်းရခက်ပါတယ်ဗျ မြို့နှင့်ထိစပ်ရွာဖြစ်နေတဲ့အတွက် ထွက်လိုက်ဝင်လိုက်ပါ”လို့ ဂန့်ဂေါပကဖ တာ၀န်ရှိသူက ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ် (၅၀) ခြေလျင်တပ်ရင်း (ခလရ−၅၀)တပ်သားတွေ အထိုင်ချထားတဲ့ ရှောက်ပင်ရွာဟာ ဂန့်ဂေါမြို့ရဲ့တောင်ဘက် (၆)မိုင်ဝန်းကျင်ပဲဝေးပြီး စစ်တပ်က ပြီးခဲ့တဲ့နှစ် ၂၀၂၅ နှစ်ဆန်းပိုင်းကစပြီး တပ်စွဲခဲ့တာလို့ သိရပါတယ်။

ရှောက်ပင်ကျေးရွာတပ်စွဲပြီးနောက်ပိုင်း ဂန့်ဂေါမြို့တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်း ထိုးပြီး အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

Facebook