Connect with us

Hi, what are you looking for?

သတင်း

တော်လှန်နယ်‌မြေက နှင်းဆီလှုပ်ရှားမှု

ဇွန်-၁၈၊၂၀၂၆။သတိုး/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှု အနေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တော်လှန်လူငယ်တွေ စုပေါင်းပြီး အားကစား ပြိုင်ပွဲတွေ ကမ်ပိန်းဓါတ်ပုံရိုက်ကူးတာတွေပြုလုပ်ခဲ့ပါတယ်။

တော်လှန်လူငယ်တွေက ဘောလုံးပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲနဲ့ အခြား အားကစားပြိုင်ပွဲတွေပြုလုပ်ခဲ့ပြီး Free Aung Sann Suu Kyi/ Proof of Life/ 81 စတဲ့စာသားတွေကို နှင်းဆီးပန်းတွေနဲ့ ပုံဖော်ကာ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။

မနက်ဖြန်(ဇွန်၁၉) ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁နှစ်ပြည့်မွေးနေ့မှာတနိုင်ငံလုံးအနှံ့ “နှင်းဆီလှုပ်ရှားမှု” ဆင်နွှဲကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပြီး စစ်တပ်က နှင်းဆီပန်း ရောင်းချတာ ဝယ်ယူတာ နဲ့ သယ်ယူတာ‌ တွေကို အထူးပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 269

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။