Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်စစ်တက္ကသိုလ်ရှေ့မှာ နှင်းဆီလှုပ်ရှားမှု ပြုလုပ်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

ဇွန်-၁၉၊၂၀၂၆။သုည/People’s Spring

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေက “အသက် ၈၁ နှစ်အရွယ် အဘွားအိုကိုတောင် မလွှတ်ရဲတဲ့ စောက်ကြောက်တွေ” ၊ “လူထုခေါင်းဆောင်က အမြဲတမ်း ဒေါ်အောင်ဆန်းစုကြည်” ၊ “အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ၊ “June 19 Movement” စတဲ့ စာသားတွေနဲ့ ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့နဲ့ အထင်ကရနေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒေါက်တာတေဇာစန်းကလည်း “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်လို့ စဉ်းစား ဆုံးဖြတ် ခိုင်မာသွားတဲ့ လူထုရဲ့အားကို ဘယ်အရာကမျှ တားဆီးလို့ မရနိုင်တော့ချေ။ ငုံ့မခံနဲ့ တုံ့ပြန်ကြ” လို့ ချီးကျူးဂုဏ်ပြုကာ မျှဝေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းက ပြင်ဦးလွင်မြို့နယ်အစပ်မှာရှိတဲ့ စစ်တပ်ရဲ့ ဝက်ဝံစစ်ဆေးရေးဂိတ်ဟာ ပိတ်ချင်းမြောင်ကိုလာတဲ့ ဘုရားဖူးဧည့်သည်တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။