ဇွန်-၁၈၊၂၀၂၆။သတိုး/People’s Spring
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှု အနေနဲ့ တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တော်လှန်လူငယ်တွေ စုပေါင်းပြီး အားကစား ပြိုင်ပွဲတွေ ကမ်ပိန်းဓါတ်ပုံရိုက်ကူးတာတွေပြုလုပ်ခဲ့ပါတယ်။
တော်လှန်လူငယ်တွေက ဘောလုံးပြိုင်ပွဲ၊ ထုတ်စီးတိုးပြိုင်ပွဲနဲ့ အခြား အားကစားပြိုင်ပွဲတွေပြုလုပ်ခဲ့ပြီး Free Aung Sann Suu Kyi/ Proof of Life/ 81 စတဲ့စာသားတွေကို နှင်းဆီးပန်းတွေနဲ့ ပုံဖော်ကာ ဓာတ်ပုံတွေရိုက်ကူးခဲ့ကြပါတယ်။










မနက်ဖြန်(ဇွန်၁၉) ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁နှစ်ပြည့်မွေးနေ့မှာတနိုင်ငံလုံးအနှံ့ “နှင်းဆီလှုပ်ရှားမှု” ဆင်နွှဲကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပြီး စစ်တပ်က နှင်းဆီပန်း ရောင်းချတာ ဝယ်ယူတာ နဲ့ သယ်ယူတာ တွေကို အထူးပိတ်ပင်ထားတယ်လို့ သိရပါတယ်။

Public Service Announcement


















































