Connect with us

Hi, what are you looking for?

News

မတ္တရာနယ်ရှိ ရဲကင်းစခန်းတစ်ခု မီးလောင်

မန္တလေးတိုင်း မတ္တရာမြို့နယ် ရုန်းပင်ကျေးရွာရှိ ရဲကင်းစခန်းတစ်ခု ယနေ့နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ခဲ့ကြောင်း မတ္တရာဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် ရုန်းပင်ကျေးရွာရှိ ရဲကင်းစခန်းတစ်ခု ယနေ့နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ခဲ့ကြောင်း မတ္တရာဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက် တစ်နာရီကျော်လောက်မျာ ရုန်းပင်ရွာမှာ ရှိတဲ့ရဲကင်းစခန်းမီးလောင်တယ်။ ပေါက်ကွဲသံတွေလည်း အချက် ၂၀လောက်ကြားရတယ်ပြောတယ်” ဟု ၎င်းက ဆိုသည်။

ရုန်းပင်ရွာသည် မတ္တရာမြို့၏ အရှေ့မြောက်ဘက်တွင်ရှိကြောင်း၊ ရဲကင်းစခန်းတစ်ခု မီးလောင်ကျွမ်းမှု အကြောင်းအရင်းနှင့် ထိခိုက်သေဆုံးမှု ရှိ၊မရှိ မသိရကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။