Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အတွက် ​​​PDF ​တွေရဲ့​မွေး​နေ့ဆု​တောင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

ဇွန်-၁၉၊၂၀၂၆။ဟာနာဆန်/People’s Spring

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

အဲဒီရုပ်သံမှာ စိမ်းစိုနေတဲ့ လယ်ကွင်းပြင်ကျယ်ကြီးတစ်ခုရဲ့ အလယ်မှာ စစ်ဝတ်စုံအပြည့်အစုံ ဝတ်ဆင်ထားတဲ့ PDFရဲဘော်​တွေကဟာ တည်ငြိမ် လေးနက်တဲ့ ပုံစံနဲ့ ရပ်နေကြပါတယ်။ ကောင်းကင်ယံကတော့ လွမ်းမောစရာကောင်းတဲ့ အုံ့မှိုင်းမှိုင်းဖြစ်နေပြီး ကွင်းပြင်တစ်ခုလုံး မှိုင်းပြာပြာ လေထုအောက်မှာ စိမ်းလန်းနေပါတယ်။

ရဲဘော်တွေဟာ ထူးအိမ်သင်ရဲ့ နေကောင်းလားမေမေ သီချင်းကို တူရိယာတွေနဲ့အတူ အဖွဲ့လိုက် တီးခတ်သီဆိုခဲ့ကြပါတယ်။PDF ရဲဘော်တွေက ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း မွေးနေ့ဆုတောင်းတွေ ပြောကြားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်သံနဲ့အတူ “မွေးနေ့ရှင်မပါတဲ့ မွေးနေ့ပွဲတွေကို ကျင်းပနေရခြင်းမှ အမြန်ဆုံးကျော်လွန်ဖြတ်သန်းနိုင်ဖို့ ကျတော်တို့ ဒီထက်အများကြီး ပိုပြီးကြိုးစားကြရမယ်။ နေကောင်းကျန်းမာစွာနဲ့ အမြန်ဆုံးလွတ်မြောက်ပြီး အမေစုချစ်တဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ အမြန်ဆုံး ပြန်လည်ဆုံစည်းနိုင်ပါစေလို့ ကျတော်တို့ ပဲခူးတိုင်း စစ်ဌာန ရဲဘော်များ၊အာဠာဝက တပ်ရင်းမှ ရဲဘော်များ၊Beyond Sittaung အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်။”လို့ ရေးသားထားပါတယ်။

https://www.facebook.com/reel/2297010221115093

ရုပ်သံ-Beyound Sittaung

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။