Connect with us

Hi, what are you looking for?

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက်မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လှုပ်ရှားမှုတွေ ပြုလုပ်

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၂၀၊၂၀၂၆။သုည/People’s Spring

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား၊ ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈၁) မိနစ်လမ်းလျှောက်ပွဲနဲ့ အတူ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

“Proof of Life” ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလှုပ်ရှားမှုကို Burmese Canadian Society BC (BCSBC) က စီစဉ်တာဖြစ်ပြီး ဗန်ကူးဗားရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ချက်သမ္မတနိုင်ငံ ပရက်ဂ်မြို့ ရှိ စစ်သံရုံး မြို့ဟောင်းနဲ့ နက္ခတ္တဗေဒ နာရီစင်ကြီးအနီးမှာ ပြည်ပရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ နှင်းဆီလှုပ်ရှားမှုနဲ့ Proof Of Life လှုပ်ရှားမှုကို မနေ့က ပြုလုပ်ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့ဆုတောင်းပွဲ နှင်းဆီလှုပ်ရှားမှုနဲ့ Proof Of Life လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ဂျပန်လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက် ဆုတောင်းခြင်းတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...

သတင်း

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် အဘက်ဘက်ကနေ တာဝန်ယူကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးကလေး တိုက်ချီဒိုလေးဟာဒီကနေ့ ဇွန်လ ၂၁ရက် ညဦးပိုင်းမှာ ​သေဆုံးသွားပါတယ်။