Connect with us

Hi, what are you looking for?

သတင်း

CDF ဟားခါး ဒုဥက္ကဋ္ဌဟောင်းအားပစ်ခတ်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးကို ထောင်ဒဏ် ၁၀နှစ်ချမှတ်

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။

(သေနတ်နဲ့ပစ်ခံရမှုကြောင့် ကွယ်လွန်သူ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်း။ ဓာတ်ပုံ - VOC)

ဇွန်-၂၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေ အတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့အကြား အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း CDF ဟားခါးက ဇွန်လ ၁၉ရက်ညပိုင်းမှာ ချင်းဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။

မေလ ၁၅ရက်က CDF- ဟားခါး ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့၏ ခွင့်ပြုချက်မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန် လိန်းနဲ့ ထမင်းချက်စားဖိုမှူး (ထောင်သား)၊ စက်ကြီးမောင်းသူ (၁)ဦးတို့မှ အကြောင်းမဲ့ လာရောက်ဖြိုချတာနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန်က တားဆီးရာမှ စကားများစဉ် အခုလို ပစ်ခတ်မှု ဖြစ်ခဲ့ရာ ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းကာ အခုလို ထောင်ဒဏ်ချမှတ်ခဲ့တာပါ။

“ဒုက္ကဋ္ဌဟောင်း အဲဒါကို သေစေအောင် ပစ်ခတ်တဲ့အတွက်ကြောင့်ဟားခါးCDFရဲ့ ဥပဒေ ပုဒ်မ (၄၉) အရ သူ့ကို ပြစ်မှု ကျူးလွန်တယ် ထို့အတွက်ကြောင့် အလုပ်နဲ့ ထောင်ဒဏ် ၁၀နှစ်ချလိုက်တယ်ဆိုတာ အကျဉ်းချုံးပြောလို့ရပါတယ်” လို့ ချင်းသတင်းရင်းမြစ်က CDF ဟားခါးရဲ့ ထုတ်ပြန်ချက်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

CDF ဟားခါးရဲ့ ထုတ်ပြန်ချက်မှာ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF ဟားခါး ကောင်စီရဲ့ ဥပဒေအရ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ရာ ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဟားခါး CDF ရဲ့ တပ်မဟာ အသီးသီးက ကိုယ်စားလှယ်တွေ ၊ ဥပဒေရေးရာ ဌာနတာဝန်ရှိသူတွေ အပါအဝင် ၆ဦးနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားစဉ် မျက်မြင်သက်သေတွေ အပါအဝင် သက်သေ ၂၂ ဦးကို စစ်ဆေးမေးမြန်းခဲ့ပြီး အခုလို ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ပစ်ခတ်ခံရလို့ ကွယ်လွန်သူ ဆလိုင်းဆန်လိန်းဟာ CDF ဟားခါးဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့အပြင် အားကိုး အားထားရတဲ့ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း (ပူးတွဲ) အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်ပြီး လက်ရှိ တပ်သားဘဝနဲ့ အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေထိုင်သူ ဖြစ်ကြောင်း CDF ဟားခါးက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။