Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံး ဓားပြတိုက်သူတွေကို ဓနုတပ်(၁၀၀၃)တပ်ရင်း ဖမ်းဆီး

တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံးစားပြုလုပ်ပြီး ဓားပြတိုက်သူတွေကို ဖမ်းဆီးဖော်ထုတ်ခဲ့တယ်လို့ (၁၀၀၃) တပ်ရင်းဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဒီကနေ့ ဇွန်လ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။

Screenshot

ဇွန် -၂၂၊၂၀၂၆။မိုမို/People’s Spring

တော်လှန်ရေးတပ်ဖွဲ့အမည်အလွဲသုံးစားပြုလုပ်ပြီး ဓားပြတိုက်သူတွေကို ဖမ်းဆီးဖော်ထုတ်ခဲ့တယ်လို့ (၁၀၀၃) တပ်ရင်းဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းက ဒီကနေ့ ဇွန်လ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။

အခုဇွန်လအတွင်းမှာ ရွာငံမြို့နယ်တနေရာမှာ ဓါးပြတိုက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဥ်ကို ကျူးလွန်ခဲ့ကြသူတွေဟာ အသက်မပြည့်သေးတဲ့လူငယ်တွေ ဖြစ်ကာ အွန်လိုင်းလောင်းကစားစလော့ဂိမ်းနဲ့ မူးယစ်သုံးစွဲနေကြသူတွေလို့ ဆိုပါတယ်။

ဓါးမြတိုက်သူတွေထဲက တစ်ဦးကို ဖမ်းမိထားပြီး ခေါင်း‌ဆောင်ဖြစ်သူနဲ့ တခြားအဖွဲ့ဝင်တွေကထွက်ပြေးတိမ်ရှောင်နေတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ငွေကြေးလိုအပ်ချက်အရ သေနတ်အတုတွေနဲ့ ဓါးတွေကို အသုံးပြုကာ ဒေသတွင်းကပြည်သူတွေအပေါ်အနိုင်ကျင့် ဓားမြတိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ ဖမ်းမိခဲ့သူက ဝန်ခံထွက်ဆိုထားပါတယ်။

ဒါ့အပြင် ဓားမြအဖွဲ့က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်ကိုအသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူတွေကြား ၊ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ယုံကြည်မှုကင်းမဲ့စေဖို့ သတင်းအမှားတွေ ဖြန့်ဝေခဲ့တယ်လို့ ဖော်ပြပါတယ်။

(၁၀၀၃) တပ်ရင်းက ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းမှာ ဓားပြတိုက်သူရဲ့ဝန်ခံချက်အရ လေးကြိမ်ထက်မနည်း ပြစ်မှုကျူးလွန်ခဲ့ပြီး ကျပ်သိန်း ၄၀ကနေ အနည်းဆုံး ကျပ်တစ်သိန်းခွဲအထိ ပိုက်ဆံတောင်းခံကာ အွန်လိုင်းလောင်းကစားစလော့ဂိမ်းအတွက် အသုံးပြုခဲ့တယ်လို့ တွေ့ရပါတယ်။

အခုလိုဖြစ်စဉ်တွေ ထပ်မံမဖြစ်ပွားစေဖို့ (၁၀၀၃)တပ်ရင်းအနေနဲ့ ‌ဓနုဒေသတွင်း စလော့ဂိမ်းကစားသူတွေနဲ့ မူးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူတွေကို ပြတ်ပြတ်သားသားဖော်ထုတ်‌အရေးယူသွားမယ်လို့ အသိပေးပါတယ်။

ပြည်သူတွေအနေနဲ့ မိမိရဲ့ သားသမီးတွေကို အွန်းလိုင်းလောင်းကစားစလော့ဂိမ်းတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်မှုမရှိအောင်လည်း ဂရုစိုက်ကြပ်မတ်ပေးဖို့ (၁၀၀၃)တပ်ရင်းက မေတ္တာရပ်ခံပါတယ်။

ပတ်ဝန်းကျင်မှာ အွန်လိုင်းလောင်းကစားစလော့ဂိမ်းဆော့နေသူတွေ မူးယစ်ဆေးသုံးစွဲရောင်းဝယ်နေသူများကို တွေ့ရှိ ၊သိရှိရင် တိုင်ကြားဖို့လည်း တိုက်တွန်းပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ကိုယ်တိုင်လည်း မူးယစ်ဆေးသုံးစွဲတာနဲ့ စလော့ဂိမ်း‌ကစားတာ တွေရှိခဲ့ရင် ထိရောက်တဲ့ အရေးယူမှုတွေခံရမယ်လို့ သတိပေးပါတယ်။

https://www.facebook.com/reel/1043115678141259

ရုပ်သံ – Danu PDF

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

Facebook