Connect with us

Hi, what are you looking for?

သတင်း

မြန်မာကို အမည်ပျက်စာရင်းဆက်ထားဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ ဆုံးဖြတ်

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်ဆန္ဒပြနေတဲ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က လမ်းမတနေရာကို ၂၀၂၁ မတ်လ ၅ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဇွန်-၂၂၊၂၀၂၆။ဇော်၀င်း/People’s Spring

မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာအမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိဖို့ နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF)က ကြေညာလိုက်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ အခုဇွန်လ ၁၉ရက်က ကျင်းပတဲ့ FATF ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမည်ပျက်စာရင်းမှာ မြောက်ကိုးရီးယား၊ အီရန်နိုင်ငံတွေနဲ့အတူ သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

“တရားမဝင် ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့လူကုန်ကူးခြင်းခံရတဲ့ နစ်နာသူတွေ ဘက်က စာနာထောက်ထားမှုကို အလေးအနက်ထား ထည့်သွင်းစဉ်စားဖို့နဲ့ တရားဝင်စီးဆင်းနေတဲ့ ငွေကြေးတွေ အပေါ် မလိုအပ်ဘဲ အလွန်အမင်း စစ်ဆေးဖိအားပေးမှုတွေ ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်သွားမယ်”လို့ FATF ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို မလျော်ဩဇာသုံးပြီး အဟန့်အတားမဖြစ်စေဖို့လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ကစပြီး FATF က မြောက်ကိုရီးယား၊ အီရန်တို့နဲ့ တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် သတ်မှတ်ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းကာ ငွေကြေး ဖောင်းပွမှု နဲ့အတူ ကုန်ပစ္စည်းစျေးနှုန်းမြင့်တက်မှုဒဏ်က လူထုအပေါ် ဖိအားဖြစ်လာစေခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်မှာ လာဘ်ပေးလာဘ်ယူမှုများပိုမိုဆိုးရွာလာပြီး ရပ်ကွက်ရုံးအဆင့်ကနေ ဝန်ကြီးဌာနအထိ ငွေပေးဖြေရှင်းနေရတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ငွေကြေးခဝါချမှု အန္တရာယ်အရှိဆုံးလို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် Basel Institute on Governance ကလည်းပြီးခဲ့နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်

ငွေကြေး အကျိုးခံစားသူ အမည်ဖော်ပြမှု မလုံလောက်တာ၊အခွန်နဲ့ငွေကြေး စည်းမျဉ်းတွေ အားနည်းတာတွေကဆိုးရွားလာတဲ့ ငွေကြေးစံနှုန်းတွေလို့ အသိပေးပါတယ်။ဒါ့အပြင် ပိုင်ရှင်မသိရတဲ့ငွေကြေးနဲ့ပစ္စည်းတွေကို အသုံးပြုတဲ့နည်းလမ်းတွေတိုးလာနေတာကလည်း အထူးစိုးရိမ်စရာလို့ ဆိုပါတယ်။

အထူးသဖြင့် နိုင်ငံရေးနဲ့ ဥပဒေအန္တရာယ်တွေရဲ့ အကျိုးဆက်အဖြစ် လွတ်လပ်မှုမရှိတဲ့ တရားစီရင်မှုတွေကနေတဆင့် ငွေကြေးခဝါချတာကို ဖုံးကွယ်နေတယ်လို့ ဆိုပါတယ်။

နောက်ပြီး နည်းပညာဆိုင်ရာ ငွေကြေးရာဇဝတ်မှုတွေ နဲ့ အချိန်တိုအတွင်း နယ်စပ်ဖြတ်ကျော် ငွေကြေး လွှဲပြောင်းနိုင်တာတွေကလည်း ငွေကြေးခဝါချမှုအတွက်လွယ်ကူနေတာလို့ ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။...

သတင်း

အာဏာသိမ်းစစ်တပ်က ခရစ်ယာန်ဓမ္မဆရာ ၃ ဦးဆီကနေ ထိမ်းမြားလက်ထပ်ပေးပိုင်ခွင့် လိုင်စင်တွေကိုပယ်ဖျက်ခဲ့တဲ့နောက် မြန်မာကို ‘ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံများ စာရင်း’မှာ ဆက်လက် ထည့်သွင်းပေးဖို့ အမေရိကန် အစိုးရကို Burma Research Institue (BRI)က တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုအမြင့်ဆုံး(ငွေစက္ကူတန်ဖိုးလျော့ကျတာ)ဖြစ်နေပြီး စီးပွားရေးကျဆင်းမယ့် အခြေအနေတွေရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asian Develo pment Bank - ADB)ကထုတ်ပြန်ပါတယ်။

Facebook