Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်မြို့ဘုရားသုံးဆူကို DKBA ဆီကနေစစ်တပ်ပြန်တောင်း

ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ကိုပြန်လည်ပေးအပ်ဖို့အာဏာသိမ်းစစ်တပ်ကအပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကိုထပ်မံတောင်းဆိုနေတယ်လို့ကရင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

ဇွန် – ၂၂ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ်ဘုရားသုံးဆူမြို့ကိုပြန်လည်ပေးအပ်ဖို့အာဏာသိမ်းစစ်တပ်ကအပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကိုထပ်မံတောင်းဆိုနေတယ်လို့ကရင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

ကရင်ပြည်နယ်ကအရေးပါတဲ့နယ်စပ်စခန်းတွေပြန်လည်ရယူနိုင်ဖို့စစ်တပ်ကထိုးစစ်နေချိန်မှာ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ ကြာအင်းဆိပ်ကြီးခရိုင်ထဲက ဘုရားသုံးဆူမြို့ကို ပြန်လည်ပေးအပ်ဖို့ DKBA ကိုတောင်းဆိုလာတာပါ။

အာဏာသိမ်းစစ်တပ်ရဲ့မွန်ပြည်နယ်၊မော်လမြိုင်မြို့အခြေစိုက်အရှေ့ တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်ချုပ်သူရစောဇော်လွင်စိုးကဘုရားသုံးဆူမြို့ကိုထိန်းချုပ်ထားတဲ့ DKBA ဗိုလ်မှုးချုပ်စောအေဝမ်းထံ တောင်းဆိုခဲ့တာလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘုရားသုံးဆူမြို့ကိုပြန်လည်ပေးအပ်ဖို့ စစ်တပ်ရဲ့တောင်းဆိုမှုဟာအခုတစ်ကြိမ်နဲ့ ဆိုရင် ဒုတိယအကြိမ်ရှိပါပြီ။

အခုတစ်ကြိမ်တောင်းဆိုမှုမှာလည်းဘုရားသုံးဆူမြို့ကိုစစ်တပ်ထံပြန် လည်ပေး ၊မပေးကိုတော့ DKBA ဗိုလ်မှုးချုပ်စောအေဝမ်းက မဆုံးဖြတ်ရသေးဘူးလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

DKBA ဘက်ကလည်း ဘုရားသုံးဆူမြို့နဲ့ပတ်သက်ပြီးသတင်းထုတ်ပြန် တာမရှိပါဘူး။

DKBA က ဘုရားသုံးဆူမြို့ကိုပြန်မပေးရင်စစ်ရေးနည်းနဲ့ ဖြေရှင်းဆောင် ရွက်သွားမယ်လို့စစ်တပ်ကခြိမ်းခြောက်ထားသလိုကြာအင်းဆိပ်ကြီးမြို့မှာ လည်း အင်အားအများအပြား ဖြည့်တင်းလာနေတယ်လို့ အဲဒီသတင်းရင်းမြစ်က အသိပေးပါတယ်။

ဒါကြောင့်တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်နေကြတဲ့ ဘုရားသုံးဆူမြို့က လုပ်ငန်းရှင်တချို့ဟာ ထိုင်းဘက်ခြမ်းကို ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။

နယ်စပ်မြို့ဘုရားသုံးဆူမြို့ကိုပြီးခဲ့တဲ့၂၀၂၃ ခုနှစ်ကKNU ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေကတိုက်ခိုက်ရာမှာစစ်တပ်ရဲ့ ခမရ(၂၈၄)လက်အောက် ခံ တပ်စခန်းတစ်ခုဖြစ်တဲ့ နဂါးတောင်စခန်းတစ်ခုသာ မြို့မှာကျန်ရှိတော့တာပါ။

လက်ရှိအဲဒီနဂါးတောင်တပ်စခန်းမှာ စစ်တပ်ကအင်အား ရာချီ ရှိနေတယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မြို့လုံခြုံရေးကို DKBA က ယူထားပြီး မြို့အုပ်ချုပ်ရေးကိုတော့ KNU က ဆောင်ရွက်နေတာလို့သိရပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကြီးစိုးအခြေစိုက်ရာနေရာတစ်ခုအဖြစ်လည်းနာမည်ထွက်နေတဲ့ဘုရားသုံးဆူမြို့ဟာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး နယ်စပ်ဝင်ပေါက်ဂိတ်တွေကနေ ကြာအင်းဆိပ်ကြီး၊ သံဖြူဇရပ်၊ ကျိုက်မရော၊ မုဒုံ၊ မော်လမြိုင်မြို့တွေဆီ ထိုင်းကုန်စည်တွေ ဝင်ရောက်နေတာပါ။

စစ်တပ်က နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်နိုင်ဖို့နဲ့ ကျားဖြန့်တွေကို ဝင်ရောက်ရှင်းလင်းဖို့ အကြောင်းပြချက်နဲ့ ဘုရားသုံးဆူမြို့ကို ပြန်လည်တောင်းဆိုနေတာဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဓာတ်ပုံ – Google Earth ၊ စစ်တပ်ပြန်ကြားရေး ၊ DKBA

ဆက်စပ်သတင်းများ

သတင်း

ထိုင်း - မြန်မာ နယ်စပ်မြို့ ဘုရားသုံးဆူမှာ သင်္ကြန် ကာလအတွင်း မြို့လုံခြုံရေးယူထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က စည်းကမ်းချက် ငါးချက်ထုတ်ပြန်လိုက်ပြီး မလိုက်နာရင် အပြစ်ပေးအရေးယူမယ်လို့ကြေညာပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တောင်ကြားထဲမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ပိုင်ဆိုင်တဲ့ကျားဖြန့် အဆောက်အဦးထဲ စစ်တပ်ရဲ့ ဒရုန်းကျမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)တပ်ဖွဲ့က တိုက်ပွဲဖြစ်ပွါးနေတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မင်းလက်ပံဒေသအနီးမှာ ရေပေါ်စျေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ မတော်တဆဖြစ်တာလို့ DKBA အမှတ်(၁)ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောတရီးထူးက ပြောပါတယ်။