Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicron ဗိုင်းရပ်စ်ဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ် သတိပေး

ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းအသစ်တစ်ခု စတင်လာတာမျိုး ကြုံနေတဲ့ ဂျာမနီမှာလည်း ကျန်းမာရေးဝန်ကြီး ကားလ် လော်တာဘက်ချ်က တစ်နိုင်ငံလုံး အနေနဲ့ အရင်က မကြုံဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အလင်းရဲ့ မြန်နှုန်းမျိုးနဲ့ လျင်လျင်မြန်မြန် ပျံ့နှံ့နေတယ်လို့ ပြင်သစ် ဝန်ကြီးချုပ်က သတိပေး ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် ဂျင်း ကက်စ်တက်စ်က ပြင်သစ်မှာ ခရီးသွားလာမှု ကန့်သတ် တင်းကြပ်တဲ့ အစီအမံတွေ မစတင်ခင် နာရီပိုင်းအလို ဒီဇင်ဘာ ၁၇ ရက်မှာ အခုလို ပြောဆိုခဲ့တာပါ။ အိမ်နီးချင်း ဗြိတိန် နိုင်ငံဟာ ဥရောပမှာ Omicron ကူးစက်မှုတွေ အဆိုးဆုံး နေရာတစ်ခု ဖြစ်လာတဲ့နောက် ပြင်သစ်က ဗြိတိန်နဲ့ အသွားအလာ ကန့်သတ်ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က ဗြိတိန်မှာ Omicron ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာ တစ်သောင်းခွဲ နီးပါးထိ တွေ့ရှိခဲ့ပါတယ်။ ဥရောပ တနံတလျားမှာလည်း နိုင်ငံ အစိုးရ အသီးသီးက နောက်ထပ် ကူးစက်မှုတွေ မြင့်တက်လာမယ့် အခြေအနေတွေအတွက် ကြိုတင် တွေးတော ပြင်ဆင်နေကြရပါတယ်။

ဝန်ကြီးချုပ် ကက်စ်တက်စ်က ပြင်သစ်မှာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆန်သူ သန်းနဲ့ချီ များပြားနေပြီး ဒီလုပ်ရပ်က တခြားသူတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိပါး သက်ရောက်စေနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ Omicronရဲ့ ကူးစက်မှု မြန်နှုန်းဟာ အလင်းလို လျင်မြန်လွန်းပြီး လုံးဝ မပေါ့ဆသင့်ဘူးလို့လည်း သူက ဆိုတယ်။ ပြင်သစ်ဟာ နှစ်သစ်ကူးအကြို မီးရှူးမီးပန်း ပစ်ဖောက်တဲ့ အစီအစဉ်တွေကိုလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ကိုဗစ်ရောဂါ ကူးစက်မှု လှိုင်းအသစ်တစ်ခု စတင်လာတာမျိုး ကြုံနေတဲ့ ဂျာမနီမှာလည်း ကျန်းမာရေးဝန်ကြီး ကားလ် လော်တာဘက်ချ်က တစ်နိုင်ငံလုံး အနေနဲ့ အရင်က မကြုံဖူးသေးတဲ့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

နယ်သာလန်မှာ ဆိုရင်လည်း တင်းကျပ်တဲ့ Lockdown အစီအမံတွေ ပြန်လည် ကျင့်သုံးဖို့ ကျန်းမာရေး ဝန်ကြီးဌာနက စဉ်းစားနေပြီ ဖြစ်ပါတယ်။ အိုင်ယာလန်မှာတော့ အသစ်ဖြစ်ပွားတဲ့ ကိုဗစ်ရောဂါ ကူးစက်မှု အားလုံးရဲ့ သုံးပုံတစ်ပုံလောက်ဟာ Omicron မျိုးကွဲ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်လို့ အတည်ပြု တွေ့ရှိထားကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပကို နျူကလီးယား လက်နက်တွေနဲ့ လွှမ်းခြုံ အကာအကွယ် ပေးနိုင်ဖို့အတွက် ပြင်သစ်ဟာ ဥရောပ ၁၀ နိုင်ငံနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာတဲ့နောက် သူ့အစိုးရရဲ့ စီမံကိုင်တွယ်မှုအပိုင်းမှာ လစ်ဟာမှုတွေ ရှိခဲ့တာကို ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံက မြို့တစ်မြို့မှာ ဆန္ဒပြသူတွေ မီးတင်ရှို့ခဲ့တာကြောင့် သမိုင်းဝင် ရှေးဟောင်း အဆောက်အအုံတစ်ခု မီးလောင် ပျက်စီးသွားခဲ့ပါတယ်။