Connect with us

Hi, what are you looking for?

သတင်း

လောင်းရှည်မြို့နယ်ကို စစ်တပ် ဗုံးကြဲ၊ (၉)နှစ် အရွယ်ကလေးငယ် ၁ဦးအပါအ၀င် ၃ ဦး သေဆုံး၊ ၁၀ ဦးခန့် ဒဏ်ရာရ

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ကို စစ်တပ်ဗုံးကြဲတာကြောင့် (၉)နှစ်အရွယ် ကလေးငယ် ၁ဦး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Screenshot

ဇွန်-၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ကို စစ်တပ်ဗုံးကြဲတာကြောင့် (၉)နှစ်အရွယ် ကလေးငယ် ၁ဦး အပါအ၀င် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့(ဇွန်လ ၂၇ ရက်)ညနေ ၅ နာရီခွဲ၀န်းကျင် က လောင်းရှည်မြို့နယ်၊နတ်ကောင်းကျင်းရွာကို ဂျက်ဖိုက်တာ ၁စီးနဲ့ ၂ကြိမ် ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

“ဘာတိုက်ပွဲမှ မဖြစ်ဘူး။လောင်းရှည် မြို့နဲ့က တော်တော်ဝေးတယ်။အနောက်ဘက်ခြမ်းမှာ ။အဲဒါကို ကြဲသွားတာ”လို့ လောင်းရှည်မြို့နယ်ကာကွယ်ရေးတပ် နဲ့နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးကြဲခံရတဲ့နေရာမှာ (၉)နှစ်အရွယ် ကလေးငယ်နဲ့ (၄၀)၀န်းကျင် အမျိုးသား ၂ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် အသက် (၇၀၊၈၀) ကျော်အရွယ် အဘိုး၊အဘွား ၄ ဦးအပါအ၀င် သတ်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦး နဲ့ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“သိရသလောက် နေပြည်တော် ဧလာလေဆိပ်က တက်တဲ့ ဂျက်ဖိုက်တာ ကန်ပက်လက်ကို ကြဲပြီး ပြန်အဆင်း လောင်းရှည်ကို ကြဲတာ”လို့ စစ်တပ်

လေကြောင်းကွန်ရက်ကို စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။

မေလဒုတိယပတ်ကစပြီး လောင်းရှည်မြို့အခြေစိုက်(ကပစ-၂၅)ကနေ စစ်တပ်က စစ်ကြောင်းထိုးပြီး ဆောမြို့နယ်အတွင်း ဝင်ရောက်ခဲ့ပါတယ်။အဲဒီစစ်ကြောင်းက လက်ရှိမှာ ချင်းတောင်ပိုင်းက ကန်ပက်လက်မြို့အနီးကို ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေပါတယ်။

လက်ရှိစစ်ရေးအခြေအနေအရလည်း လောင်းရှည်မြို့အတွင်းက အဓိကလမ်းပိုင်းတွေ ဖြစ်တဲ့ သီးကုန်း– လောင်းရှည်လမ်းပိုင်း၊ ပိန်းချောင်း–လောင်းရှည်လမ်းပိုင်းနဲ့အင်ဘူး–လောင်းရှည်လမ်းပိုင်းတွေကို မသုံးဖို့ ဂန့်ဂေါခရိုင် တပ်ရင်း(၆)က ဇွန်လ ၂၄ရက်က ထုတ်ပြန်ထားပါတယ်။

ရုပ်သံ – ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

သတင်း

စစ်တပ်ကိုထိရောက်စွာအရေးယူဖို့ ရခိုင်အရပ်ဖက်အဖွဲ့တွေတိုက်တွန်း

သတင်း

နဝတ၊ နအဖ စစ်အစိုးရလက်ထက်ကစစ်ထောက်လှန်းရေးမှာလူသိများတဲ့ ဗိုလ်မှူးကြီးစန်းပွင့်ရဲ့ကျေးရွာဖြစ်တဲ့ ဇကကျေးရွာကို စစ်တပ်စစ်ကြောင်းထိုးပြီး ရွာသား ၂ဦးကို ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုအ​ပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

Facebook