Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြင်သစ်မှာ အပျော်တမ်း လေထီးခုန်တဲ့ လေယာဉ် ပျက်ကျ၊ ၁၁ ဦးသေဆုံး

အပျော်တမ်း လေထီးခုန်သူတွေ လိုက်ပါသွားတဲ့ လေယာဉ်တစ်စီး ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ပျက်ကျပြီး လိုက်ပါသွားသူ ၁၁ ဦးလုံး သေဆုံးသွားကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters

အပျော်တမ်း လေထီးခုန်သူတွေ လိုက်ပါသွားတဲ့ လေယာဉ်တစ်စီး ပြင်သစ်နိုင်ငံ အရှေ့ပိုင်းမှာ ပျက်ကျပြီး လိုက်ပါသွားသူ ၁၁ ဦးလုံး သေဆုံးသွားကြောင်း သိရပါတယ်။

တွမ်ဘလိန်းမြို့မှာ ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လေယာဉ်မှူး၊ လေထီးခုန် နည်းပြ ၅ ဦး၊ ပထမဆုံး လေထီးခုန်ဖူးမယ့်သူ ၅ ဦးတို့ လိုက်ပါသွားပြီး အသက်ရှင်ကျန်သူ မရှိကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ လေထီးခုန် သင်တန်းကျောင်း တစ်ခုက ပိုင်ဆိုင်တဲ့ လေယာဉ်ဟာ နန်စီ အက်ဆေးမြို့ လေယာဉ်ကွင်း တစ်ခုကနေ ပျံတက်လာပြီး ရုတ်တရက် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို ဆက်လက် စုံစမ်းနေဆဲလို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး လောရင့် နူးနက်ဇ်က ပြောပါတယ်။ လေထီးခုန်မယ့်သူတွေကို စောင့်ကြည့်နေတဲ့ ဆွေမျိုးသားချင်း တချို့ဟာ လေယာဉ် ပျက်ကျတာကို ကိုယ်တိုင် တွေ့မြင်ခဲ့ကြပါတယ်။ အဲဒီအခြေအနေကြောင့်လည်း မျက်မြင် မိသားစုဝင်တွေထဲမှာ စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် တုန်လှုပ် ထိခိုက်သွားသူတွေ ရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

လေယာဉ်ဟာ လေယာဉ်ကွင်းနဲ့ သိပ်မဝေးတဲ့ နေရာက တောင်စောင်းတစ်ခုဆီကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာဟာ လူနေဧရိယာ တစ်ခု၊ စျေးဝယ်စင်တာ တစ်ခုနဲ့ အရမ်းနီးခဲ့တယ်လို့လည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ပျက်ကျတဲ့နေရာက မီတာ တချို့လောက် အပြောင်းအလဲ ဖြစ်သွားခဲ့မယ်ဆိုရင် မြေပြင်ပေါ်မှာပါ သေဆုံးသူတွေ ရှိခဲ့နိုင်ကြောင်း ဒေသခံ အုပ်ချုပ်ရေး အရာရှိ တစ်ဦးဖြစ်တဲ့ မြူသီယက် မော့ဆီလီက ပြောကြားခဲ့ပါတယ်။ လေယာဉ်ဟာ လေထဲကနေ ထောင်လိုက်နီးပါးလောက် စိုက်ဆင်းလာခဲ့တာလို့လည်း သူက ဆိုပါတယ်။

ပြင်သစ်မှာတော့ အခုဖြစ်စဉ်ဟာ စစ်ဘက်နဲ့ စီးပွားဖြစ် ပျံသန်းမှုတွေ မဟုတ်တဲ့ ပုဂ္ဂလိက လေယာဉ် ပျက်ကျမှုတွေထဲမှာ အသေအပျောက် အများဆုံး အနေနဲ့ မှတ်တမ်းဝင်လာခဲ့ပါတယ်။

တွမ်ဘလိန်း မြို့တော်ဝန် ဟာဗေး ဖာရွန်က လေယာဉ်ဟာ အကြောင်းအရင်း ပြောဖို့ခက်တဲ့ အခြေအနေ တစ်ခုခုကြောင့် ကောင်းကင်ကနေ ရုတ်တရက် စိုက်ဆင်းလာခဲ့ကြောင်း၊ လောလောဆယ်တော့ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ရှင်းမပြနိုင်သေးကြောင်း ပြောပါတယ်။ ရာသီဥတုကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း၊ ဒါပေမဲ့ အတိအကျ မပြောနိုင်သလို သူလည်း လောလောဆယ် ဘာမှ မတွေးတတ်သေးကြောင်း ဖာရွန်က ဆိုပါတယ်။

တခြားဥရောပ နိုင်ငံတွေနည်းတူ ပြင်သစ်ဟာလည်း လတ်တလောမှာ ဆိုးဆိုးရွားရွား ပူပြင်းတဲ့ ရာသီဥတုကို ကြုံတွေ့နေရပါတယ်။ ပြင်သစ် အရှေ့ပိုင်း ဒေသတွေမှာလည်း ထူးကဲအပူချိန် မြင့်မားမှုဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဇနီးဖြစ်သူနဲ့ ကလေးတွေကို ၁၂ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ညှင်းပန်း နှိပ်စက်နေခဲ့တဲ့ အမျိုးသား တစ်ဦးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

နိုင်ငံတကာ

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သမိုင်းတလျှောက် အပူဆုံး စံချိန်တွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ပြည်တွင်း ဘောလုံးကလပ်ရဲ့ ဥရောပ ချန်ပီယံဆု ဆွတ်ခူးမှုကို လွန်လွန်ကဲကဲ အောင်ပွဲခံကြရာက ပြင်သစ်နိုင်ငံမှာ လူပေါင်း ၄၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။