Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့နယ် ကွန်းနားရွာမှာ ယ​နေ့တိုက်ပွဲပြင်းထန်​နေ၊ စစ်​ကောင်စီတပ်က ​နေအိမ်​တွေ မီးရှို့​နေဟု KNDF​ပြော

“အရင်ရက်ကတည်းက ထိတွေ့က ရှိခဲ့တာ။အဲဒါ ဒီနေ့ ကွန်နားမှာ စစ်တပ် စစ်ကြောင်း ထပ်လာတော့ တိုက်ပွဲ ဖြစ်နေတာ။အခုထိ (နံနက် ၈ နာရီခွဲ) တိုက်ပဲဲပင်းထန်နေတုန်းပဲ။မြေပြင်အချက် အလက်တော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

(ဒီဇင်ဘာ ၁၈ ရက်က ကွန်နားကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး​နေစဥ်၊ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယားပြည်နယ်)လွိုင်ကော်မြို့ကွန်နားကျေးရွာ အနီး တိုက်ပွဲပြင်းထန်နေပြီး နေအိမ်များ ဆက်လက်မီးရှို့ခံနေရသည်ဟု ကရင်နီအမျိုးသားများကာကွယ်​ရေးတပ်(KNDF) လွိုင်ကော်ဇုန်မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၀ ရက်)နံနက် ၇ နာရီဝန်းကျင်က စ၍ ကွန်နားကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA) နှင့် KNDFတို့ တိုက်ပွဲ စတင်ပြင်းထန်နေခြင်းဖြစ်သည်။

Public Service Announcement

“အရင်ရက်ကတည်းက ထိတွေ့က ရှိခဲ့တာ။အဲဒါ ဒီနေ့ ကွန်နားမှာ စစ်တပ် စစ်ကြောင်း ထပ်လာတော့ တိုက်ပွဲ ဖြစ်နေတာ။အခုထိ (နံနက် ၈ နာရီခွဲ) တိုက်ပဲဲပင်းထန်နေတုန်းပဲ။မြေပြင်အချက် အလက်တော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ဒုတိယပတ်ကစ၍ လွိုင်ကော် မြို့ လွိုင်လင်လေးအရှေ့ဘက်ခြမ်းကို စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၆ ရက်တိုက်ပွဲတွင် ကနန်းကွယ်ရွာနှင့်ရေကန်ရွာအကြား တိုက်ပွဲတွင် အကြမ်းဖက်စစ် ကောင်စီဘက်မှ သုံးဦးသေဆုံးကာ KNDFမှ တစ်ဦးကျဆုံးခဲ့သည်။

ထို့အပြင် လွိိုင်ကော်မြို့နယ်အတွင် စစ်ကြောင်းများဆက်လက်ထိုးစစ်ဆက်ခဲ့ပြီး နောင်မွန်ကျေးရွာ၊ နောင်လုံနှင့် ကွန်နားကျေးရွာရှိနေအိမ် အလုံး ၂၀ကျော်ကို ဒီဇင်ဘာ ၁၈ရက်တွင် အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်စီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။