Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့အနီးငလျင်လှုပ်၊ ဒေသခံတွေ ထိတ်လန့်

ဗန်းမော်မြို့ကိုဗဟိုပြုပြီးယမန်နေ့ ညပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့် ငလျင်လှုပ်သွားပြီး ဖားကန့်အပါအဝင်ကချင်ပြည်နယ်က​ဒေသအများစုမှာ မြငလျင်လှုပ်ရှားတာကို သိရှိခံစားလိုက်ရပါတယ်။

ဇူလိုင်-၁၊၂၀၂၅။ဇော်ရန်း/People’s Spring

ဗန်းမော်မြို့ကိုဗဟိုပြုပြီးယမန်နေ့ ညပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့် ငလျင်လှုပ်သွားပြီး ဖားကန့်အပါအဝင်ကချင်ပြည်နယ်က​ဒေသအများစုမှာ မြငလျင်လှုပ်ရှားတာကို သိရှိခံစားလိုက်ရပါတယ်။

ဇွန် ၃၀ ည ၁၁နာရီ ၄၂မိနစ်ခန့်မှာ ဗန်းမော်မြို့အနီး၊ မြေအောက်အနက် ၅ ကီလိုမီတာခန့်ကိုဗဟိုပြုပြီးလှုပ်သွားတာလို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ထားပါတယ်။ ​

မြေ​အောက်အနက်၅ကီလိုမီတာ( ၃ မိုင်​ကျော်)ကိုဗဟိုပြုလှုပ်ခတ်တာမို့ ​ဇောက်တိမ်ငလျင်ဖြစ်ပြီး ​ဇောက်တိမ်ငလျင်​တွေက ​မြေမျက်နှာပြင်နဲ့နီးတာမို့ ဖျက်အားပိုပြင်းပါတယ် ။

Public Service Announcement

Public Service Announcement

အဆိုပါငလျင်ကို ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ မိုးကောင်းမြို့တွေကနေလည်း သိသိသာသာခံစားလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ငလျင်သတင်းတွေ ထုတ်ပြန်ပေးနေတဲ့ ထိုင်းမိုးဇလဌာန(TMD)ကလည်း MoSLHAနဲ့ အလားတူသတင်းထုတ်ပြန်ထားပါတယ်။

“ကြမ်းကြမ်းတမ်းတမ်းလှုပ်သွားတာ။ အသံကြီးပါကြားလိုက်ရတာ။ ဖားကန့်တနယ်လုံး သိလိုက်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကချင်ပြည်နယ်မှာ ဖားကန့်အပါအဝင် မြို့နယ်အချို့မှာရေကြီးနေချိန် ငလျင်ပါလှုပ်လို့ ဒေသခံတွေစိုးရိမ်ခဲ့ကြပါတယ်။ ငလျင်ဗဟိုပြုတဲ့ ဗန်းမော်မြို့မှာလည်း ဧရာဝတီ မြစ်ရေမြင့်တက်လာသလို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီလည်း စစ်ရေးတင်းမာနေပါတယ်။

အာဏာသိမ်းစစ်တပ်က တရုတ်အစိုးရနဲ့​ပေါင်းပြီး ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံမှာ

ရေအားလျှပ်စစ်စီမံကိန်း​တွေ ပြန်စဖို့စီစဥ်​နေပါတယ် ။​​ဘူမိပညာရှင်​တွေက ​​ကြီးမားတဲ့​ရေကာတာကြီး​တွေ ၊ဆည်​တွေတည်​ဆောက်ရင် ​မြေငလျင်ကြီး​တွေလှုပ်နိုင်​ခြေပိုမြင့်လာသလို ငလျင်ကြီး​တွေလှုပ်ခတ်ရင် ပျက်စီး

ဆုံးရှုံးမှုများနိုင်တယ်လို့သတိ​ပေးထားပါတယ် ။ ဒါ​ကြောင့် ​ဒေသခံ​တွေအပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူ​တွေက ၂၀၁၁ ကတည်းကအခုချိန်ထိ ​မြစ်ဆုံးစီမံကိန်း​ဆောက်မှာကို မလိုလားပဲ ကန့်ကွက်​နေကြတာဖြစ်ပညတယ် ။

ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာနိုင်ငံ အထက်ပိုင်း၊ အလယ်ပိုင်းနှင့်အောက်ပိုင်းဒေသတွေက မြို့နယ်အချို့မှာ ရစ်ခ်တာစကေး ၄ နဲ့ ၅ ကြား ငလျင်တွေမကြာခဏလှုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ဆုံဆည်စီမံကိန်းကို ၈နှစ်ကျော်အတွင်း အပြီးလုပ်ဆောင်မယ်၊ ဘေးအန္တရာယ် မဖြစ်စေရဘူးလို့ စစ်ကောင်စီခန့် ကချင်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ရဲ့ ပြောဆိုချက်ဟာ ဘာအာမခံချက်မှ မရှိ၊ လက်မခံဘူးလို့ ဒေသခံနဲ့ ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) တာဝန်ရှိသူတို့က ပြောပါတယ်။

နိုင်ငံတကာ

ဗင်နီဇွဲလားမှာ အတွဲလိုက် လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး နှစ်ခုအပြီး သေဆုံးသူ အရေအတွက်ဟာ ၂၃၅ ဦးထက်မနည်း ရှိလာသလို ကယ်ဆယ်ရေးတွေကလည်း ပျောက်ဆုံးနေသူတွေကို အပူတပြင်း ကြိုးစား ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။